chapter -48-[ကျရှုံးခြင်း]

2.3K 275 0
                                    

chapter -48-[ကျရှုံးခြင်း]

နွေဦးအင်ပါယာ စာမေးပွဲက ခမ်းနားကြီးကျယ်စွာနဲ့ပြီးဆုံးသွားလေပြီ ။ ချန်းကျင်းက လွယ်လွယ်ကူကူရနိုင်တဲ့ ထုန်ရှန့် တစ်ယောက်အဖြစ် အောင်မြင်ခဲ့သည် ။ လုချောင်ယုကတော့ စာမေးပွဲမတိုင်ခင်တည်းက ထုန်ရှန့် ဖြစ်ခဲ့တာပေမယ့် အခုတစ်ခါလည်း ရှုခိုင် အဖြစ်မရောက်ဘဲ ထပ်ပြီးကျရှုံးခဲ့ပြန်သည် ။

လုချောင်ယုက ထိုရှုံးနိမ့်မှုကြောင့် ကြေကွဲခဲ့ရပြီး ထိုရက်တွေအတွင်း အိမ်ထဲမှအိမ်ပြင် မထွက်နိုင်ခဲ့ပေ ။

စိတ်မချမ်း‌မြေ့ နေကြကာ မှုန်မှိုင်း‌နေတဲ့လေထုက တစ်အိမ်လုံးကို လွှမ်းခြုံနေသည် ။

လူတိုင်းက ရှုခိုင်ဖြစ်လာဖို့မလွယ်ကူမှန်းသိကြသည် ။ လုချောင်ယုရဲ့ အခန်းဖော် လေးဆယ်လောက်က ထုန်ရှန့်ဖြစ်တုန်းပဲ ရှိသေးသည် ။ ဒါကြောင့် သဘာဝကျကျပြောရရင် လုချောင်ယုက ငယ်သေးတာကြောင့် သူတို့ဝမ်းနည်းမနေသင့်ပေ ။

သို့ရာတွင် ထောင့်ရဲ့အမူအရာကြောင့် သူတို့မျှော်လင့်ချက်တွေ မြင့်မားလာတာဖြစ်သည် ။ သူမက သူတို့နဲ့ လက်ထပ်ထိမ်းမြားချင်တဲ့ ရွာသားတွေအားလုံးကို ငြင်းဆန်ခဲ့သည် ။ ရလဒ်အနေနဲ့ ရွာသားတွေက အရိပ်အမြွက်ကိုကြည့်ကာ တခြားသူတွေနဲ့ လက်ထပ်ယူလိုက်ကြသည် ။

ထို့ကြောင့် လုချောင်ယုရဲ့ကျရှုံးမှုအပေါ် ရွာသူရွာသားတော်တော်များများက ကျေနပ်နေကြသည် ။ သူတို့က မာနကြီးပြီး အထက်စီးဆန်တဲ့ ထောင်ကို လှောင်ပြောင်ကြကာ ယခု သူ့သားရော သူ့သမီးပါ မစေ့စပ်ရသေးပေ ။

လင်းရှို့ယာက ဒီအချိန်မှာတော့ ထောင့်ရဲ့ မကောင်းတဲ့စိတ်ဓာတ်ကို သည်းခံဖို့ရပ်တန့်လိုက်ပြီဖြစ်သည် ။ထောင်ကလည်း ဟန်လုပ်လို့ မရတော့ပေ ။ ထိုကြောင့် သူတို့က အချိန်တိုင်း ငြင်းခုံလာကြသည် ။

ဘာမှထူးခြားမှု မရှိလည်းပဲ အချိန်တိုင်း ငြင်းခုံနေကြသည် ။

လင်းရှို့ယာက စောင်းမြောင်းဖို့ အကြောင်းပြချက်တွေ့သွားသလိုပင် ။ လုချောင်ယုအတွက် ငွေကြေးအများကြီး ကုန်ကျထားပေမယ့် ယခုထိ ထုန်ရှန့် အဖြစ်သာရှိသေးသည်ဟု အထွန့်တက်လာသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now