chapter -66-[ချင်းရီနဲ့ ထပ်မံတွေ့ဆုံခြင်း]

1.1K 181 0
                                    

chapter -66-[ချင်းရီနဲ့ ထပ်မံတွေ့ဆုံခြင်း]

ထောင် အိမ်ပြန်ရောက်တာနဲ့ အခန်းထဲသုန်မှုန်စွာဝင်သွားလိုက်သည် ။

လီဖုန်းယွီက ထောင် လုလင်းဆီမှာငွေသွားတောင်းခဲ့မှန်းသိသည်။ ထောင် ပြန်လာတာကိုတွေ့တဲ့အခါ သူမပါအခန်းထဲလိုက်ဝင်ပြီး အခြေအနေဘယ်လိုလဲ မေးမြန်းချင်နေသည် ။

သူမမှာကိုယ်ဝန်ရှိလာပြီးနောက် အဖိုးလုနဲ့အဖွားလုက မြေးလေးတစ်ယောက်ရဖို့ သူမအပေါ်မျှော်လင့်ထားသည် ။ လီဖုန်းယွီလည်း ထောင့်ရှေ့မှာ ခေါင်းမော့လာနိုင်သည် ။

လုလင်းက ဖြစ်ရပ်မှန်တွေသိနေခြင်းအပေါ်လည်း ဒေါသထွက်နေမိသည် ။ သူမ မိသားစု လီဖုန်းယွီကိုလက်ထပ်လိုက်ခြင်းက ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်မှန်းခံစားမိလာသည်။

လီဖုန်းယွီက ထောင့်ကို လုလင်း ငွေပေးလိုက်လားလို့မေးတဲ့အခါ ထောင် အရမ်းစိတ်ဆိုးသွားပြီး လီဖုန်းယွီနဲ့ရန်ဖစ်ကာ အကြိမ်ရေတချို့ ရိုက်နှက်လိုက်သည် ။

လီဖုန်းယွီက မိသားစုမှာရှိတဲ့အကြီးအကဲတွေရဲ့ ကောင်းမွန်စွာဂရုစိုက်မှုကိုခံယူထားသူဖြစ်ပြီး သူမယောက္ခမက အကြီးအကဲတွေရဲ့ညွှန်ကြားမှုကိုမနာခံပဲနေဝံ့တာကြောင့် အံ့ဩသွားမိပြီး ထောင့်ကိုပြန်လည်ရိုက်နှက်တော့သည် ။

နှစ်ယောက်သား ဆူညံစွာရန်ဖြစ်နေကြတာကြောင့် အဖွားလုကအနားကို ‌အပြေးအလွှားရောက်လာခဲ့သည်။ လီဖုန်းယွီက အဖွားလုရောက်လာတာနဲ့ အခန်းထဲကနေ ဆောင့်အောင့်ကာ ထွက်သွားခဲ့သည် ။

အဖွားလုက ထောင့်ကိုမကျေမနပ်ဖြင့် ပြောသည်။

" ထောင် နင်ဘာဖြစ်နေတာလဲ ။ နင်ဘာလို့ ယွီ့ကို ဒေါသ‌ထွက်နေရတာတုန်း ။ သူကနင့်မြေးကိုလွယ်ထားရတာလေ ။ မမွေးလာသေးတဲ့ကလေးလေး တစ်ခုခုဖြစ်သွားအောင် ကောင်းကင်ဘုံက အပြစ်ပေးလိုက်ရင်ဘယ်လိုလုပ်မလဲ ။ "

သူမရဲ့စိတ်အခြေအနေ လုံးဝအဆင်မပြေဖြစ်နေတဲ့အချိန်မှာ လီဖုန်းယွီကိုရိုက်မိသွားပြီး စိတ်ငြိမ်သွားတဲ့အခါမှာတော့ သူမလုပ်ရပ်တွေလွန်သွားကြောင်း ခံစားမိသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now