chapter -65-[အထွေထွေအတွင်းရေးမှူးရဲ့ဇနီး]

1.5K 210 1
                                    

chapter -65-[အထွေထွေအတွင်းရေးမှူးရဲ့ဇနီး]

" ဒီကောင် ချန်းကျင်းကအရမ်းရယ်ရတာပဲ ဟမ့် ... "

လုလင်း အံ့ဩမိသည် ။

ဒီ စီနိုစီးပွားရေးအိမ်ရဲ့ပိုင်ရှင်က လုလင်းနဲ့ချန်းရှောင်မီ၊ချန်းရှောင်ခိုင် တို့ဖြစ်သည် ။ ထို့ကြောင့် ချန်းကျင်းက အရာတချို့လာခိုးယူတာကို အိမ်တွင်းရေးကိစ္စအဖြစ်မှတ်ယူနိုင်သည် ။

သို့သော် ချန်းကျင်းသာမက ချန်းရှောင်ခိုင် ကိုယ်တိုင်ပင်ဒီဆိုင်ပိုင်ရှင်က သူဆိုတာမသိသေးပေ ။

ဘယ်ဆိုင်မှာမဆို မင်းအိမ်မှာရှိတဲ့မိသားစုဝင်တွေအလုပ်လုပ်တာနဲ့ တိုက်ရိုက်ပဲ အဲ့မှာပစ္စည်းတွေအလကားသွားယူလို့ရတယ်လို့တွေးနေတာက တော်တော်မှားယွင်းသည် ။ လူ့ကျင့်ဝတ်တောင်မသိဘဲနဲ့ ကျောင်းသွားနေဖို့မသင့်ဘူးဟု လုလင်း တွေးမိသည် ။

ချန်းကျင်း ချန်းရှောင်မီဆီကအရိုက်ခံရပြီးနောက် ဝမ်းနည်းပက်လက်ဖြင့်အိမ်ပြန်သွားပြီး တခြားသူတွေဆီကနေ ရက်တချို့ပုန်းအောင်းနေခဲ့သည် ။

ချန်းရှောင်မီ နှာမှုတ်လိုက်သည် ။ ချန်းကျင်းက ထုန်ရှန်းတစ်ယောက်မဖြစ်လာခင်အရင်နှစ်တွေတည်းက တုံးအမိုက်မဲတဲ့သူဖြစ်သည် ။ ချန်းရှောင်မီရဲ့အမြင်မှာတော့ ချန်းကျင်းက ကောင်းမွန်ခြင်းနတ္တိ ပင် ။  သို့သော်လည်း အဖွားချန်းကသူ့ကိုချစ်ကာ ထိုအရူးကို အရည်အချင်းရှိလာအောင် ပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့သည် ။

" ဘာပဲဖြစ်ဖြစ်ပါ ၊ ချန်းကျင်းရဲ့ဒီလိုမဟုတ်တရုတ် လုပ်ဇာတ်နောက်မှာ လုချောင်ယုရှိလိမ့်မယ်ထင်တယ် ။ "

ချန်းရှောင်မီ ထပ်ပေါင်းပြောသည် ။

လုလင်း သူ့ဘာသာတွေးမိလိုက်သည် ။

' ချန်းကျင်းထက်စာရင် လုချောင်ယုက ပိုပြီးအကြံကြီးတယ် ။ ဒါပေမယ့်လည်း နှစ်ယောက်စလုံးက မကောင်းကြပါဘူး ။ '

လုချောင်ယုက လုလင်း မြို့ကစီနိုစီးပွားရေးအိမ်မှာအလုပ်လုပ်မှန်းသိခဲ့ပြီး အဖွားရှန်နဲ့ရှန်ချီ့ကိုတောင် သူဌေးနဲ့‌မိတ်ဆက်ပေးလိုက်မှန်း သိသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now