chapter -20- [ ငါက သရဲမဟုတ်ဘူး ၊ လူသားပါပဲ ]

3.6K 500 9
                                    

~ ငါက သရဲမဟုတ်ဘူး ၊ လူသားပါပဲ ~

ရွာသားများက ချန်းရှောင်မီနဲ့ သူရှာတွေ့တဲ့ ဂျင်ဆင်းအကြောင်းကို ပိုပြောလာကြသည်။ ချန်းရှောင်မီလည်း ထိုသတင်းကို ကြားလိုက်ရသည်။ 

" ငါဂျင်ဆင်းတွေ ရှာတွေ့ခဲ့တယ်လို့ လူတွေကို မင်းပြောလိုက်တာလား ။ "

လုလင်းက ခေါင်းညိတ်ကာ -

" ဟုတ်တယ် ငါလုပ်လိုက်တာ ၊ ပိုက်ဆံက ငါနဲ့သက်ဆိုင်တယ်ဆိုပြီး လုတွေ သင်္ကာမကင်းဖြစ်နေမှာ မလိုချင်လို့ ။ "

ချန်းတွေက ချန်းရှောင်မီကို စွန့်ပယ်ထားပေမယ့် လုလင်းကတော့ လုတွေနဲ့ ဆက်စပ်နေဆဲပင် ။ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းပွဲအတွက် လုလင်းကို အလုပ်ခိုင်းဖို့ လုထောင်ကို သူတို့ပို့လိုက်သည်လေ ။ အဖွားလုက ချန်းရှောင်မီ လုထောင်ကို နှင်ထုတ်လိုက်တော့ လုလင်းနံမည်ကို အသရေဖျက်ကာ လုပ်ကြံ‌ပြောဆို သည် ။

ချန်းရှောင်မီလည်း ထိုဖြစ်ရပ်ကို သတိရသွားကာ ခေါင်းညိတ်လိုက်ပြီး -

" မင်းအရမ်း တွေးတတ်တာပဲ ။ "

" ဒါပေမယ့် လူတွေမင်းကို ရိုက်နှက်မှာ စိုးရိမ်နေစရာတော့မလိုပါဘူး ။ "

လုလင်းက ပြုံးလိုက်ကာ -

" ငါက အားလုံးနဲ့ မပတ်သတ်ချင်တာပါ ။ အခေါ်အပြောမရှိဘဲ ငါတို့ဘာသာ ငါတို့ ရှင်သန်နေထိုင်ချင်တယ် ။ "

ချန်းရှောင်မီက လုလင်းစကားနောက်ကိုပါမလာပေမယ့် လုလင်းလည်း ဒီထက်ပို ရှင်းမပြတော့ပေ။

ချန်းရှောင်မီနဲ့ လုလင်းသည် ဒီနေ့တောင်ပေါ်ကို တက်ကြမည် ။

လုလင်းက တရုတ်မြောက်ဥတူးရာတွင်သုံးရန် ဓားကိုထုတ်လိုက်ပြီး အသံကြားလိုက်တာကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ရသည် ။

" ဟမ် ၊ မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ  ကြည့်ရအောင်။ "

သူ့နှလုံးခုန်သံတွေ ကျဆင်းလာကာ ခေါင်းမော့ကြည့်လိုက်တော့ ချန်းရှောင်မီ ဖြစ်နေသည် ။

' ငါ မင်းလမ်းလျှောက်ထွက်သွားတာကို မြင်လိုက်တယ်လေ ၊ ဒါကြောင့် ဓားမြှောင်ကို ထုတ်လိုက်တာ ။ အခုဘယ်လို ပြန်ရောက်လာတာလဲ ။ '

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now