chapter -71-[လဆန်းပုံယပ်တောင်]

932 128 5
                                    

chapter -71-[လဆန်းပုံယပ်တောင်]

လက်ထဲမှာဆိုင်နှစ်ဆိုင်ရှိနေတဲ့အပြင် လုလင်းက ဒီဇိုင်းအသစ်တွေ အချိန်တိုင်းထုတ်လုပ်ဖြန့်ဖြူးနေတာကြောင့် စီနိုစီပွားရေးအိမ်ရဲ့ စီးပွားရေးက ဝင်ငွေပင်တိုင်ရှိနေကာ မဆိုးလှပေ ။

လုလင်းက ဝိုင်ချက်စီးပွားရေးကိုလည်း လုပ်နေဆဲဖြစ်သည် ။

" လုလင်း မင်းရဲ့မွေးရပ်မှာ ရေခဲသေတ္တာလို့ခေါ်တဲ့ပစ္စည်းရှိတယ်ဆိုတာ အမှန်လား ။ နွေရာသီမှာလည်း ရေခဲရနိုင်တယ်ပေါ့ ။ "

" ဟုတ်တယ် ၊ ရေခဲသေတ္တာရဲ့ကောင်းကွက်တွေကအများကြီးပဲ ။ "

" ရေခဲသေတ္တာဘယ်လိုလုပ်ရတာလဲ မင်းသိလား ။ "

ချန်းရှောင်မီ လုလင်းကို အားကျစွာကြည့်လိုက်သည် ။

' ချန်းရှောင်မီက သူ့ကိုအထင်ကြီးလွန်းတယ် ၊ ငါ့ရဲ့ physic စာအုပ်ထဲမှာ ဆားကစ်ပတ်လမ်း တွေအကြောင်း‌သင်ဖူးပေမယ့် အခုတော့အားလုံးမေ့သွားပြီလေ ။ '

" ဟင့်အင်း ငါမလုပ်တတ်ဘူး ။ "

ချန်းရှောင်မီ သက်ပြင်းချလိုက်သည် ။

" စိတ်မကောင်းစရာပဲ။ "

လုလင်းပြုံးလိုက်သည် ။

" ဒီနွေရာသီမှာ ‌မင်းရေခဲလိုချင်တာဆိုရင် ရေခဲသေတ္တာရှိဖို့မလိုပါဘူး ။ ယမ်းစိမ်းလို့ခေါ်တဲ့ကျောက်တစ်မျိုးက ရေထဲကအပူတွေကိုစုပ်ယူပြီး ရေခဲအဖြစ်ပြောင်းလဲပေးနိုင်တယ် ။ အဲ့ဒါ တကယ်ဟုတ်လား မဟုတ်လားတော့ ကိုယ်လည်းသိပ်မသေချာဘူး ။ "

ချန်းရှောင်မီ သူ့မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်သည် ။

" ဧကရာဇ် နန်းတော်ထဲမှာတော့ နွေရာသီမှာတောင် ရေခဲရှိတယ်လို့ ကြားဖူးတယ် ။ "

ဒီခေတ်ကာလမှာ နွေရာသီ၌ရေခဲအသုံးပြုရန်မဖြစ်နိုင်ပေ ။ အသုံးအများဆုံးနည်းလမ်းက မြေအောက်ရေခဲခန်း ပြုလုပ်ခြင်းဖြစ်သည်။ ထိုရေခဲခန်းတွေကို မြေအောက်ဘက်မှာဆောက်လုပ်ကြသည် ။ ဆောင်းရာသီမှာ အလင်းရောင်နဲ့အပူကိုခွဲခြားထားဖို့ မြေအောက်ရေခဲခန်းထဲမှာသိုလှောင်ထားပြီး နွေရာသီမှာမြေအောက်ခန်းထဲမှာသိုလှောင်ထားတဲ့ရေခဲတွေကို အသုံးပြုလေ့ရှိသည်။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Där berättelser lever. Upptäck nu