chapter -56-[လုပ်ငန်း၏ အစောပိုင်းပြင်ဆင်မှု]

1.7K 246 2
                                    

chapter -56-[လုပ်ငန်း၏ အစောပိုင်းပြင်ဆင်မှု]

ကျန်းကျင်း အိမ်ပြန်လာတဲ့အခါ သူ့မိဘနှစ်ပါးလုံးရဲ့ သုန်မှုန်နေတဲ့အမူအရာကိုသာ မြင်လိုက်ရသည် ။

" အမေ ၊ ဘာဖြစ်လို့လဲ ။ "

ကျန်းကျင်းရဲ့ အမေက မျက်မှောင်ကြုတ်ကာပြောလာသည် ။

" ငါကနင့်အဖေကို လုတွေဆီကငွေနှစ်ပြား ပြန်ပေးဖို့တောင်းခိုင်းလိုက်တာ ။ ဒါပေမယ့် နင့်အဖေက ရှုံးနိမ့်ပြီး ပြန်လှည့်လာတယ်လေ ။ "

ကျန်းချန်က သူ့ခေါင်းကို ရှက်ရွံ့စွာကုတ်လိုက်ပြီး ရှင်းပြလာသည် ။

" လုတွေက မင်္ဂလာပွဲကြီးကြီးကျယ်ကျယ် ကျင်းပထားတာမို့ သူ့တို့လက်ထဲမှာ ငွေအများကြီး မရှိကြဘူး ။ "

" သူတို့က မင်္ဂလာပွဲမှာ ဧည့်သည်တွေအများကြီးဖိတ်ထားကြတာပဲ ၊ လက်ဖွဲ့ငွေအနေနဲ့ ငွေတွေရတာ သေချာတယ် ။ "

ကျန်းကျင်းက ဝင်ပြောလေသည် ။

ကျန်းချင်းက သူ့သားပြောတာကြားတဲ့အခါ တိတ်တဆိတ်ပဲ ဆေးတံရှိုက်လိုက်သည် ။

ကျန်းကျင်းရဲ့အမေက နှာမှုတ်လိုက်ပြီး -

" ဒီ အဖွားကြီးလု ၊ သူက မကြားမသိတဲ့ပုံစံနဲ့ ငါတို့ဆီက ပဲနိ တစ်ပြားတောင်ယူမထားသလို ဟန်ဆောင်နေမှန်း သေချာပေါက်ပြောရဲတယ် ။ "

ကျန်းချန်က သူ့ဇနီးကိုစိုက်ကြည့်ပြီး ပြောလာသည် ။

" ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ ။ လုတွေမှာ လယ်ယာတွေ မူအများကြီးရှိတယ် ။ သူတို့ ငွေနှစ်ပြားချေးထားတာကို ပြန်မဆပ်ပဲမနေပါဘူး ။ "

" စောင့်ကြည့်ကြသေးတာပေါ့ ။ "

ကျန်းကျင်းရဲ့အမေက အေးစက်စွာပြောလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည် ။

" လုချောင်ယုရဲ့ သတို့သမီးက ငါတို့ရွာကမိန်းကလေးတွေလောက်တောင် မလှဘူးဆို ။သူဘာလို့ အဲ့ဒီမိန်းကလေး လီဖုန်းယွီနဲ့ လက်ထပ်လိုက်မှန်း မသိဘူး ။ "

" သတို့သမီးက အထွေထွေအတွင်းရေးမှူးရဲ့ ခယ်မ ၊ အဲ့ဒါက ကွဲပြားမှုပဲ(ရွာကမိန်းကလေးတွေနဲ့) ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now