chapter -18- [ခန် ဆောက်လုပ်ခြင်း ]

3.7K 489 6
                                    

~ ခန် ဆောက်လုပ်ခြင်း ~

ချန်းရှောင်ခိုင်ရဲ့ မျက်လုံးက သကြားရည်အုပ်ထားတဲ့ သစ်သီးချောင်းကို မြင်လိုက်တဲ့အခါ တောက်ပသွားပြီး -

" အစ်ကိုကြီး ကံကောင်း လာတာလား ဒါမှမဟုတ် ဘာလဲ ။ "

ချန်းရှောင်ခိုင်က သစ်သီးကို တစ်ကိုက်ကိုက်ကာ မျက်လုံးမှိတ်ရင်း ချိုမြိန်မှုအရသာ ခံလိုက်သည် ။

သကြားရည်အုပ်ထားတဲ့ သစ်သီးချောင်းက သူတို့မိသားစု အတွက်တော့ ဇိမ်ခံပစ္စည်း သဖွယ်ပင် ။ အထူးအချိန်အခါမှသာ သူ့ညီလေးတွေအတွက် ဝယ်ပေးနိုင်သည် ။ နောက်ဆုံးတစ်ခေါက်က ကျားတစ်ကောင်ကို အမဲလိုက်နိုင်တုန်းကပင် ဖြစ်သည် ။ ချန်းရှောင်မီက ပြုံးလိုက်ကာ -

" မင်းပြောတာ မမှားပါဘူး ။ "

ချန်းရှောင်ခိုင်ရဲ့မျက်လုံးတွေက ထိုစကားကြားလိုက်ရတာကြောင့် ပြူးကျယ်လာကာ -

" သားကောင်ကြောင့် အိမ်ထိန်းက ဈေးအမြင့်ကြီးပေးလိုက်တာလား ။ "

ချန်းရှောင်မီရဲ့ မျက်လုံးများက မှေးစင်းကာပြောသည် ။

" ဟုတ်တယ် ၊ အဲ့လိုပုံစံမျိုးပဲ ။ "

ချန်းရှောင်မီက သူ့အတွေးထဲမှာ တွက်ချက်နေပြီဖြစ်သည် ။ သူ လုလင်းကို လက်ထပ်ဖို့အတွက် ငွေဆယ်ပြားပေးလိုက်ရသော်လည်း လစဉ်အခွန် ငွေသုံးပြားကို ရှောင်ရှား လိုက်နိုင်သည် ။ ယခု သူ့လက်ထဲတွင် လုလင်းရဲ့ ဖန်လုံးတွေကြောင့် ငွေခြောက်ပြားရှိနေပြီ ။ သုံးအပေါင်း ခြောက် ဆိုရင် ကိုး ၊ သူ ငွေတစ်ပြားသာလျှင် ကျန်တော့သည် ။

ပြီးတော့ ထိုအရာတွေထက် အရေးကြီးတာက လုလင်း ဟာ အချက်အပြုတ်အလွန်ကောင်းသူဖြစ်သည်။  သူက အိမ်မှာလည်း ကူညီလုပ်ကိုင်ပေး‌သေးသည်။  ထို့ကြောင့် တွက်ချင်ကြည့်ရင် ဒီလက်ထပ်မှုမှာ သူကနည်းနည်းလေးမှ မရှုံးနိမ့်ခဲ့ပေ ။

ချန်းရှောင်မီက ထိုအရာကိုတွေးမိပြီးနောက် အပြုံးများပိုပီပြင်လာခဲ့သည်။ 

သူ့အစ်ကိုရဲ့အပြုံးကို မြင်ပြီးနောက် ချန်းရှောင်ခိုင်လည်း ပြုံးပြလိုက်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Wo Geschichten leben. Entdecke jetzt