chapter -23-[အဖွားလုပြသနာရှာခြင်း]

3.7K 478 7
                                    

~အဖွားလုပြသနာရှာခြင်း~

ကုန်စုံဆိုင်စတိုးရဲ့ လျှို့ဝှက်ချက်တွေကို သူတို့မျှဝေပြီးနောက် လုလင်းနဲ့ပိုနီးစပ်လာတယ်‌လို့ ချန်းရှောင်မီခံစားရသည် ။ ပြီးတော့ လက်ထဲမှာလည်း ငွေပမာဏအသင့်အတင့်ရှိနေတာကြောင့် ငွေအတွက်အလုပ်ကိုအလောတကြီးလုပ်ရန် မလိုတော့ပေ ။ သူက အချိန်အများစုကို အမဲလိုက်ခြင်းအစား ထင်းကောက်ဖို့သာ သုံးစွဲသည် ။ အခုလုလင်းရဲ့ အကြံညာဏ်တွေက အခြားအရာတွေထက် အဓိပ္ပာယ်ရှိသည် ။ သူထင်းတွေ စုနေတာက လုလင်းကသူ့ကို ညဘက်မှာခန်အတွက် ထင်းပိုလိုအပ်တယ်လို့ပြောသောကြောင့်ပင် ။

လုလင်းက ချန်းရှောင်မီဟာ ငှက်မွှေးတောင်ဓားကိုအားရပါးရ ကိုင်ထားတာကို တစ်ကြိမ်ထက်မက မြင်ဖူးသည် ။ ပြီးတော့သူက ထင်းကောက်တဲ့ခြင်းကို သယ်ပြီးလည်းပြေးနိုင်သည် ။ လုလင်း ချန်းရှောင်မီကောက်တဲ့ထင်းပမာဏကို နှိုင်းယှဉ်ဖို့ အကြိမ်ပေါင်း ငါးကြိမ် သုံးလိုက်ရသည် ။

သို့သော်လည်း ချန်းရှောင်မီက လုလင်းဟာအခြားနေရာမှာ လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း သိထားတာကြောင့် သူရဲ့ကြိုးစားအားထုတ်မှုကို တကယ်ခံစားနားလည်မိသည် ။ သူက လုလင်းရဲ့ မကျွမ်းကျင်မှုကို အပြစ်မတင်ဘဲ လက်ခံထားသည် ။

ရွာသားတွေက ချန်းရှောင်မီတို့ မိသားစုဘယ်လိုချမ်းသာလာတာလည်းဆိုတာမြင်ပြီးနောက် အမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီး စိတ်ကူးယဉ်နေကြဆဲပင် ။ သို့သော် အများစုက တောင်ပေါ်ကို စွန့်စားသွားလာဖို့တကယ်တမ်း သတ္တိမရှိပေ ။

လုလင်းနဲ့ချန်းရှောင်မီတို့က ထင်းကောက်ခြင်းဖြင့် ဆယ်‌ရက်လောက် ကုန်ဆုံးပြီးနောက် လုလင်းရဲ့စတိုးထဲမှာ ဆောင်းရာသီအတွက် တရုတ်မြောက်ဥ ၊ ဝါးအစို့(မျှစ်) နဲ့ မှိုတချို့ကို စုဆောင်းထားလိုက်နိုင်သည် ။

မှိုတွေက ထိန်းသိမ်းရန်မလွယ်ကူတဲ့အပြင် တရုတ်မြောက်ဥတွေကလည်း ရက်အနည်းငယ်အတွင်းမှာမှိုတက်နိုင်သည် ။ ဒါပေမယ့် လုလင်းရဲ့ စတိုးမှာ အချိန်ပြောင်းလဲမှုမရှိတာကြောင့် ထိုအရာနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပေ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now