chapter -19- [ဆားရည်စိမ် ဟင်းရွက်များ ]

3.9K 506 8
                                    

~ဆားရည်စိမ် ဟင်းရွက်များ ~

အဖွားရှန်က ပထမအဝတ်တစ်သုတ်ကို ပြီး‌သွားတာမို့ လုလင်းဝမ်းသာသွားသည် ။ ချန်းရှောင်မီ ပြောသည့်အတိုင်းပင် အဖွားရှန်က အထည်စတွေ အလေအလွင့်မရှိစေဘဲ အဝတ်ချုပ်ရာမှာ သေသပ်လှသည်။ သူမက လုလင်းအတွက် နှစ်စုံ နှင့် ချန်းရှောင်မိုင်နဲ့ချန်းရှောင်ခိုင်တို့အတွက် တစ်စုံစီ ကိုအထည်ပမာဏ အနည်းငယ်ကိုသာလျှင် အသုံးပြုပြီး ချုပ်ထားသည် ။

ချန်းရှောင်မိုင်နဲ့ ချန်းရှောင်ခိုင်တို့က သူတို့အဝတ်အသစ်တွေ မြင်လိုက်ရတာကြောင့် အူမြူးနေကြသည် ။ သူတို့အထည်အများစုက ချန်းရှောင်မီရဲ့ အကျတွေကိုသာ ပြင်ဆင်ဝတ်ဆင်နေကြရတာဖြစ်သည်။ ထို့အပြင် အမှန်တကယ်ကို ချန်းရှောင်မီရဲ့ အပ်ချုပ်လက်ရာက ကြည့်ပျော်ရှုပျော်တောင်မရှိပေ ။

ချန်းရှောင်ခိုင်က သူ့အဝတ်အစားအသစ်ကိုသဘောကျလွန်းတာကြောင့် အိမ်အလုပ်လုပ်နေချိန်မှာတောင် အလွန်တသသနဲ့ ဖြစ်နေသည် ။

လုလင်းလည်း အင်္ကျီအသစ်တွေကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။ ချန်းရှောင်မီရဲ့ အဝတ်ဟောင်းတွေက သူ့အတွက်သေးလွန်းသည် ။ နောက်ဆုံးတော့ သူ့ size နဲ့ ကိုက်ညီမဲ့အဝတ်အစားတွေ ရလာသည်ပင် ။

အဖွားရှန်က လုလင်းရဲ့ယုံကြည်မှုအလုံးစုံကိုပိုင်ဆိုင်သွားချေပြီ ။

လုလင်းက အဖွားရှန်ဆီကို အထည်နဲ့ ဂွမ်းကပ်တွေအများကြီး အပ်လိုက်သည် ။ ဂွမ်းကပ်ထဲက ဂွမ်းစတွေကိုအသုံးပြုပြီး ဆောင်းတွင်း အပေါ်ကုတ် နဲ့ချည်ခံစ အချို့ကို ပြုလုပ်ခိုင်းလိုက်သည် ။

ချန်းရှောင်မီက မြေခွေးနဲ့ယုန်တွေကို အမဲလိုက်နိုင်ခဲ့သည် ။ အခါအခွင့်သင့်တာနဲ့ သားမွှေးတွေကိုရောင်းထုတ်ရမည် ။ ဆောင်းတွင်းဘက်တွင် သူတို့စုဝေးနေထိုင်နေချိန်၌ တစ်စုံတစ်ယောက် ထိခိုက်မှုရှိလာတဲ့အခါ ကယ်တင်နိုင်ရန်ပင် ။ ယခု အဝတ်အစားနဲ့ဂွမ်းကပ်တွေကိုသာ အသုံးပြုနေရသည်မို့ ပျက်စီးလွယ်တဲ့ သား‌မွှေးနဲ့တိရစ္ဆာန်အရေခွံတွေက အသုံးမဝင်တော့ပေ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now