chapter -62-[မနာလိုစရာကောင်းသော ဝင်ငွေများ]

1.3K 188 2
                                    

chapter -62-[မနာလိုစရာကောင်းသော ဝင်ငွေများ]

ဒီနေရာမှာရှိတဲ့ မင်္ဂလာဂုဏ်ပြုထမင်းဝိုင်းက မော်ဒန်ခေတ် လူ့အဖွဲ့အစည်းမှာထက် ပိုပြီး နိမ့်ကျသည် ။ မော်ဒန်ခေတ်လူ့ဘောင်အဖွဲ့အစည်းမှာ အရင်းအမြစ်တွေက အလျှံပယ်ဖြစ်ကာ ဒီလိုဂုဏ်ပြုထမင်းဝိုင်းမျိုးဆို ဟင်းပွဲတွေ ဆယ်ပွဲ ၊ ပွဲနှစ်ဆယ် ထက် ပိုပြီးတောင်ရှိနိုင်သည် ။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဂုဏ်ပြုထမင်းဝိုင်းတွေမှာ ဩစတြေးလျ ကျောက်ပုစွန်နဲ့ ငါးကြီးငါးဥဆားနယ် ကိုတောင် တွေ့ရနိုင်သည် ။

ဒီနေရာက ဂုဏ်ပြုထမင်းဝိုင်းမှာတော့ ဟင်းပွဲ ၈ ပွဲသာရှိပြီး မြေပဲလှော်တစ်ပန်းကန်နဲ့ မုန်လာဥချဉ် တစ်ပန်းကန် ပါဝင်သည် ။

သို့သော် ဧည့်သည်တွေကတော့ အစားအစာတွေကို မြိန်ရေယှက်ရေဖြင့် ဟင်းခွက်တိုင်း ပြောင်စင်အောင် စားကြသည်။ လုလင်းရဲ့ ဝိုင်းမှာရှိတဲ့ ကောင်လေးနှစ်ယောက်ဆို ငါးမိနစ်အတွင် ထမင်းနှစ်ပန်းကန် ကုန်သွားသည် ။

လုလင်းရုတ်တရက် သူ့ငယ်ဘဝကိုတောင်တွေးမိသွားသည် ။ သူက ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတာဖြစ်ပြီး ဆွေးမျိုးတွေရဲ့အိမ်ကို သွားတဲ့အချိန်မှာသာ အစား‌အသောက်ကောင်းတွေစားရကာ ရှားပါးတဲ့ pistachio အခွံမာသီးတစ်ပန်းကန်တောင် ရနိုင်သည် ။

သို့သော် နောက်ပိုင်း ဘဝနေထိုင်မှုပုံစံတွေ ပိုမိုကောင်းမွန်လာပြီး လူတိုင်းက ဆွေမျိုးတွေဆီသွားလည်ဖို့အတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာကြသည် ။ လူတွေက သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်ရတာကို မပျော်ရွှင်ကြတော့ပေ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သို့သော် နောက်ပိုင်း ဘဝနေထိုင်မှုပုံစံတွေ ပိုမိုကောင်းမွန်လာပြီး လူတိုင်းက ဆွေမျိုးတွေဆီသွားလည်ဖို့အတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာကြသည် ။ လူတွေက သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်ရတာကို မပျော်ရွှင်ကြတော့ပေ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now