chapter -28-[ရက်ရောသော လုပ်အားခ]

3.2K 417 1
                                    

~ရက်ရောသော လုပ်အားခ~

လွီကွေ့ရုံနဲ့ သူ့အဖွဲ့သားတွေက ကျောက်ကြီးရွာကနေအပြင်ရောက်တာနဲ့ စတင်ပြောလာကြသည်။

" အဖေ ၊ ချန်းရှောင်မီက တကယ်ကောင်းတဲ့သူပဲ ။ သူတို့ပြောဆိုနေကြတာတွေနဲ့လည်း မတူပါဘူး ။ "

လွီကွေ့ရုံရဲ့သား လွီဝမ် ကပြောလာသည် ။

သူတို့က ပင်လယ်ကွေ့ရွာလို့‌ခေါ်တဲ့ ရွာနီးချင်းက ဖြစ်သည် ။ ထို့ကြောင့်ကျောက်ကြီးရွာနဲ့  လက်ထပ်သွားတဲ့သူတွေဆီကနေ ချန်းရှောင်မီရဲ့ သတင်းတွေကြားဖူးသည် ။

လွီကွေ့ရုံ ခေါင်းညိတ်လိုက်ပြီး သူနဲ့သူ့အဖွဲ့သားတွေ ချန်းရှောင်မီဆီမှာ အလုပ်လုပ်ဖို့ ဆွေးနွေးခဲ့တာကို ပြန်တွေးမိသည် ။ သူတို့ကြားခဲ့တဲ့အတိုင်း ချန်းရှောင်မီသာ ရက်စက်ကြမ်းကြုတ်တဲ့သူဆိုရင် သတိထားမိတာနဲ့ ချက်ချင်းထွက်ကြမည် ဆို၍ပင်။

တကယ်တော့ချန်းရှောင်မီက အကျိုးသင့်အကြောင်းသင့်ရှိပြီး စာနာတတ်တဲ့ ကောင်းမွန်သောလူငယ်‌တစ်ယောက်ဖြစ်မှန်း ရှာတွေ့သွားသည် ။ ပြီးတော့သူတို့အား တစ်နေ့တာအလုပ်ပြီးတာနဲ့ ငွေရှင်းပေးသည် ။ သူ့ခင်ပွန်းဖြစ်သူ လုလင်းကလည်း ကောင်းမွန်စွာ‌ရက်ရောသည်။  သူတို့အား အသားနုတ်နုတ်စင်း‌နဲ့ ယာဂုအိုးတစ်အိုး ချက်ပြုတ်ပေးသည် ။

သွားရလာရ အချိန်ကြာမြင့်သည်ဆိုသော်လည်း ဘယ်သူမှ အလုပ်မထွက်ချင်ကြပေ ။

အလုပ်သင်ရှောင်ဒါလု ကလည်း စကားဝင်ပြောသည် ။

" ယာဂုက ဘယ်လောက်တောင်ကောင်းလိုက်လဲ ။ ကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့သူဌေးကို မှတ်မိသေးလား ။ တစ်ရက်ကို ဆယ့်ငါးဆင့်ပဲ ပေးပြီးတော့ ဆန်ပြုတ်ကိုလည်း ပန်းလုံးသေးသေးလေး တစ်ခွက်ပဲပေးတယ် ။ တစ်နေ့လုံး ဗိုက်အ‌ဆာခံပြီး အလုပ်လုပ်ရတာ ။ ကျွန်တော်တို့ကို အခုလို အစားအစာကောင်းတွေကျွေးတဲ့အတွက် အရမ်းကျေးဇူးတင်တာပဲ ။ "

ရှောင်ဒါလုက သူကိုယ်တိုင် မြောက်ဥယာဂု ချက်သောက်ဖို့အတွက် ရွံ့ချောင်းတွေတူးဖို့ စိတ်ကူးနေသည် ။ သူတို့အတွက် လုလင်းချက်ပေးတဲ့ မြောက်ဥယာဂုက အလွန်အရသာရှိမှန်း သိထားတာကြောင့်ပင် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Dove le storie prendono vita. Scoprilo ora