chapter -64-[ချန်းကျင်း ပြသနာစရှာပြီ ]

1.2K 182 1
                                    

chapter -64-[ချန်းကျင်း ပြသနာစရှာပြီ ]

စီနို စီးပွားရေးအိမ်တွင် ...

" ခိုင် ... တကယ်ကို မင်းပဲ ! "

ကျန်းတာ့ဟူ ပေါ်လာပြီး နှုတ်ဆက်လေသည် ။

ချန်းရှောင်ခိုင်က ဆိုင်မှာအရောင်းဝန်ထမ်းလုပ်လာတာ လတစ်ဝက်လောက်ရှိပြီဖြစ်ပေမယ့် သူတို့ရွာကတစ်စုံတစ်ယောက်နဲ့ တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည် ။ ရွာကလူအများစုဟာ သူတို့မြို့ကိုရောက်လာရင်တောင် သူတို့(ရှောင်ခိုင်)ဆိုင်ကို လာလေ့မရှိပေ ။

" တာ့ဟူ ၊ မင်း ဒီကိုဘာလာလုပ်တာလဲ ။ "

ကျန်းတာ့ဟူ ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့ဟန်ပြောလာသည် ။

" ငါ့အဖေက ငါးနည်းနည်းဖမ်းမိထားတယ်လေ ၊ အဲ့ဒါတွေရောင်းဖို့ဈေးကိုလာတာမို့ ငါသူနဲ့လိုက်လာခဲ့တာ ။ မင်းကရော ဒီမှာဘာလုပ်နေတာလဲ။ "

" အစ်ကိုကြီးနဲ့လင်းကောကောက ဒီမှာအလုပ်လုပ်နေတာလေ ။ ငါက ကူညီပေးနေတာ ။ "

ချန်းရှောင်ခိုင်က ဘာမှဖုံးကွယ်ထားစရာမလိုဟု တွေးမိတာကြောင့် ပွင့်လင်းစွာပြောလိုက်သည်။

ကျန်းတာ့ဟူက ချန်းရှောင်ခိုင်ကို သဘောကျစွာကြည့်လိုက်သည် ။

" မင်းကအရမ်းအံ့သြစရာ‌ကောင်းတာပဲ ။ "

ကျန်းတာ့ဟူ ဆိုင်ကလွယ်အိတ်တွေရဲ့ တန်ဖိုးကို မယုံနိုင်စွာကြည့်လိုက်သည် ။ လူတွေက လွယ်အိတ်အတွက် ငွေပမာဏအများကြီးသုံးစွဲကြမယ်ဆိုတာ သူလက်မခံနိုင်ပေ ။ ရှောင်ခိုင့်ကိုသာ သူမမြင်လိုက်ဘူးဆိုရင် ကျန်းတာ့ဟူ ဒီဆိုင်ထဲဝင်လာရဲမှာ မဟုတ်ပေ ။

ချန်းရှောင်မီနဲ့လုလင်းတို့ မြို့မှာအလုပ်သွားလုပ်တာက ရွာသားတွေဆီမှာ သတင်းမွှေးသည် ။ သူတို့က တစ်လကိုငွေနှစ်ပြားဆီ ရကြသည် ။

သူတို့က ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်ကိုတောင် ခေါ်သွားလို့ရသည်။ ရွာသားတွေကမနာလိုဖြစ်ကြပေမယ့် တချို့ရွာသားတွေကတော့ အချိန်တချို့ကြာလာတာနဲ့ ဆိုင်ပိုင်ရှင်က ရူးနှမ်းတဲ့ချန်းရှောင်မီကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပြီး သူတို့အားလုံးကိုအလုပ်ထုတ်ပစ်လိုက်ကြလိမ့်မယ်လို့ တွေးနေကြတာပင် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now