chapter -46-[နွေဦး အင်ပါယာစာမေးပွဲလာပြီ]

2.1K 275 0
                                    

chapter -46-[နွေဦး အင်ပါယာစာမေးပွဲလာပြီ]

လုလင်းနဲ့ချန်းညီအစ်ကိုတွေအတွက် နေ့ရက်တွေက ပုံမှန်အတိုင်းကျော်ဖြတ်သွားပေမယ့် မြို့ပေါ်မှာ ကျောင်းသွားတက်ကြတဲ့လူငယ်တွေကတော့ ထောင့်ပေါင်းစုံကနေ နွေဦး အင်ပါယာစာမေးပွဲအကြောင်း ပြောလာကြသည် ။

ထိုလူငယ်တွေရဲ့ မိသားစုတွေကလည်း သူတို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ဖို့ ကြိုးစားလာကြသည် ။ သူတို့က အသံကိုတိုးကာ ဆူညံသံတွေ လျော့ချပေးကြသည် ။

" လင်းကောကော ၊ အခု အောင်သွယ်တွေက လုတွေဆီ အများကြီးလာလည်ကြတာသိပြီးပြီလား ။ "

ချန်းရှောင်ခိုင်မေးလေသည် ။

" ဟမ် ၊ အောင်သွယ်တွေ ၊ ဘယ်သူ့အတွက်လည်း ။ "

" တချို့ကတော့ လုထုန်အတွက် ၊ ကျန်တဲ့သူတွေက လုချောင်ယုအတွက် ။ ဒါပေမယ့် ‌လုထောင်က လုချောင်ယုကို အရင်ဆုံး စာမေးပွဲကိုအာရုံစိုက်ထားသင့်တယ်လို့ပြောလို့ သူတို့က လုထုန်ကို အဓိကထားပြီး သွားကြတယ် ။ ရွာသားတွေကတော့ လုချောင်ယုကိုအရမ်းမာနကြီးပြီး အထက်စီးဆန်တယ်လို့ပြောကြတယ် ။ ရွာကမိန်းကလေးတွေအတွက် သူကအရမ်းကောင်း‌လွန်းနေပြီး သူသာ ရှုခိုင် တစ်ယောက်ဖြစ်လာရင် မြို့ပေါ်ကအမျိုးသမီးကို လက်ထပ်ယူနိုင်တယ်လို့ ထင်နေတာတဲ့ ။ "
(ရှုခိုင် - အင်ပါယာစားမေးပွဲအောင်မြင်သူ)

ချန်းရှောင်ခိုင်က လင်းလက်နေတဲ့မျက်နှာဖြင့် ပြောသည် ။

လုလင်း ချန်းရှောင်ခိုင်ရဲ့ပြောင်းလဲနေမှုကြောင့် အံ့အားသင့်သွားသည် ။ ချန်းရှောင်ခိုင်က အမြဲလိုလို မျက်နှာထူထူဖြင့် သုန်မှုန်နေတတ်သောသူဖြစ်ပေမယ့် အခုတော့ အရမ်းပျော်ရွှင်နေသလိုပင် ။ သူ့သူငယ်ချင်းလေးတွေက သူစိတ်ခံစားချက်ပွင့်လင်းလာ‌အောင် ကူညီပေးလိုက်တာဖြစ်ရမယ်လို့ လုလင်းထင်မိသည် ။

" ကျန်းတာ့ဟူ ပြောတာလား ။ "

" ကျန်းတာ့ဟူတင်မဟုတ်ဘူး တခြားကလေးတွေကပါ ဒီလိုတွေပြောနေကြတာ ။ "

လုလင်း ပြုံလိုက်ကာ -

" ကောင်းတယ်ခိုင် ။ မင်းနဲ့မင်းသူငယ်ချင်းတွေ ပြေလည်လာကြပြီ ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now