chapter -44-[လုတွေရဲ့ နောက်ဆုံးအခြေအနေ]

2.8K 339 4
                                    

chapter -44-[လုတွေရဲ့ နောက်ဆုံးအခြေအနေ]

ကျန်းချန်၏ အိမ်တွင် ~

ကျန်းကျင်း အခန်းထဲလျှောက်လာတဲ့အချိန် သူ့မိဘတွေ သုန်မှုန်နေကြတာကို သတိထားမိခဲ့သည် ။

" အဖေ ၊ ခုဏက အခန်းထဲ လုတွေလာသွားတာကိုတွေ့လိုက်တယ် ။ သူတို့ ဘာလာလုပ်ကြတာလဲ ။ "

" ဘယ်လိုဖြစ်ရမှာလဲ ။ သူတို့က ငါ့ဆီကနေ ငွေချေးချင်နေကြတာလေ ။ "

ကျန်းချန် ပြောပြီးတာနဲ့ ကျန်းချန်ရဲ့ဇနီးက သူ့အသံကိုမြင့်ကာ ကျန်းချန်ကိုစွေ ကြည့်လိုက်ပြီး -  " တစ်ပြားမှ မရှိတော့ဘူး ။ "

ကျန်းကျင်း ခေါင်းခါမိလိုက်သည် ။ လုတွေရဲ့လာလည်မှုက နိမိတ်မကောင်းမှန်း သူသိသည် ။

" သူတို့ ငွေလိုအပ်နေလို့ပါ ။ ပြန်ပေးမယ်ဆိုတာ သေချာပါတယ် ။ "

ကျန်းချန်က အနိမ့်သံဖြင့် ပြောလေသည် ။ သူ့ဇနီးကတော့ မျက်နှာထူထူဖြင့် ‌ပြန်ပြောသည် ။

" ဘယ်သူမှ ငွေချေးဖို့မလိုဘူး ။ သူတို့မှာလယ်မြေတွေအများကြီးရှိနေတာပဲ ။ သူတို့လယ်မြေတွေကို ရောင်းစားလို့ရတယ်လေ ။ ကျွန်မတို့က ချမ်းသာနေတာမျိုးမဟုတ်တာမို့ သူတို့ကို ငွေချေးပေး‌နိုင်မယ့် အနေအထားမဟုတ်ဘူး ။ "

ကျန်းချန် ခေါင်းကိုငုံ့ကာ ပြောလိုက်သည် ။

" သူတို့က မင်္ဂလာပွဲအတွက် ငွေပဲချေးချင်တာလေ။ "

" အဓိပ္ပာယ်မရှိတာတွေ နားမထောင်ချင်တော့ဘူး ။ လုထုန်နဲ့စေ့စပ်ထားတဲ့ယောက်ျားက တင်တောင်းငွေ ငွေပြား နှစ်ဆယ် သူတို့ကိုပေးထားတာ သတိရလား ။ ပြီးတော့ လုလင်းကိုလည်း ငွေဆယ်ပြားနဲ့ သူတို့ကောင်းကောင်းကြီး ရောင်းစားထားသေးတယ် ။ သူတို့က ချမ်းသာနေပြီ သူတို့နဲ့ပတ်သတ်ပြီး စိတ်ပူမနေနဲ့ ။ "

ကျန်းချန်ရဲ့ ဇနီးက ခါးခါးသီးသီး ငြင်းလေသည် ။ ကျန်းချန်ကတော့ သူ့ဆေးတံကို မှုတ်ထုတ်လိုက်ကာ -

" လုလင်းကိုရောင်းစားတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ။ "

ကျန်းချန်ရဲ့ ဇနီးက နှာမှုတ်လိုက်ကာ -

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Wo Geschichten leben. Entdecke jetzt