chapter -50-[လုချောင်ယုလက်ထပ်တော့မယ်]

2.4K 260 1
                                    

chapter -50-[လုချောင်ယုလက်ထပ်တော့မယ်]

" ဘယ်လို ၊ လုချောင်ယုက မကြာခင်မှာ လက်ထပ်တော့မယ် ။ "

လုလင်း လုံးဝ အံ့အားသင့်မိသွားသည် ။

ချန်းရှောင်ခိုင်က ခေါင်းညိတ်ပြကာ -

" အဲ့လိုပဲ ကြားခဲ့တယ် ။ "

' ကျွတ် ကျွတ် ကျွတ် ၊ ဒီအကြောင်းကို ငါတောင်သိထားပြီပြီး ။ အခုမင်းကိုပြော‌ပြဖို့ ခိုင့်ကို လိုနေသေးတယ်ပေါ့ ။ '

ချန်းရှောင်မီ လုလင်းကို ကြည့်ကာ ခေါင်းခါလိုက်သည် ။

လုချောင်ယုနဲ့ မူလပိုင်ရှင်က အသက်အရွယ်အတူတူပင်ဖြစ်သည်။ လုချောင်ယုက မူလပိုင်ရှင်လုလင်းထက်ပင် ရက်နှစ်ဆယ်အသက်ပိုကြီးသည် ။ သို့သော် အဖိုးလုနဲ့အဖွားလုက သူတို့ကို အလွန်ကွဲပြားစွာ ပြုစုပျိုးထောင်ခဲ့တာ ဖြစ်သည် ။ သူတို့ဆီကနေ ဘယ်လိုအချစ်မျိုးမှ လုလင်းမရ‌ခဲ့ပေ ။

" ဟ ၊ အရင်နှစ်တွေက သူအခွန်ပေးခဲ့ရတာပေါ့ ၊ ဟုတ်လား ။ "

လုလင်း ဝင့်ကြွားနေမိသည် ။ ချန်းရှောင်မီက ခေါင်းညိတ်ကာ ပြောသည် ။

" ငါအဲ့လိုပဲ ထင်တယ် ။ ဟုတ်လိမ့်မယ် ။ "

လုလင်းက ထိုအကြောင်းပိုတွေးမိလေ ၊ ပိုပျော်ရွှင်လေ ဖြစ်သည် ။

လုချောင်ယုက သူ့အမေ ထောင် ထက်တောင်ပိုပြီး စိတ်ကြီးဝင်တတ်သည်။ ကျောင်းက ပညာရှင်တွေက သူ့အပေါ် မြင့်မားစွာ မျှော်မှန်းထားပြီး သူကလည်း ရှုခိုင်တစ်ယောက်ဖြစ်လာဖို့ အချိန်မလိုတော့သလို ယုံကြည်ချက်ပြင်းထန်နေသည်။ သူက ရွာကမိန်းကလေးတွေကို ဘယ်တော့မှ မျက်စိမကျတတ်ပေ ။ သူ့ရဲ့စံနှုန်းက မြို့ပေါ်က မိန်းကလေးတွေသာဖြစ်သည် ။ သူက ရှုခိုင်တစ်ယောက်ဖြစ်လာတာနဲ့ မြို့ပေါ်ကအရာရှိတွေနဲ့ချိတ်ဆက်ကာ ချမ်းသာတဲ့မိသားစုက အမျိုးသမီးနဲ့ လက်ထပ်ဖို့ တွက်ချက်ထားတာဖြစ်သည် ။

ထောင်လည်း သူ့သားအတွက် အစီအစဉ်တချို့ရှိကာ လုချောင်ယု ရှုခိုင်တစ်ယောက်ဖြစ်လာတာနဲ့ ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်ဖို့ အခွင့်အရေးပိုများလာမယ်ဆိုတာ သိတာကြောင့် လုချောင်ယုရဲ့ လက်ထပ်ပွဲအကြောင်း မစဉ်းစားထားပေ ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now