chapter -22- [အိမ်ချက် အရက်]

3.5K 470 1
                                    

~ အိမ်ချက် အရက် ~

ချန်းရှောင်မီက နောက်နေ့တွင် ဝိုင်အိုးနှစ်ဆယ် အတွက် ပဲနိ နှစ်ရာကို သုံးစွဲလိုက်သည်။

လုလင်း ဘီယာ‌တွေကို အိုးထဲသို့ စပြီးလောင်းထည့်လိုက်သည် ။ ဘီယာတစ်ဖာနဲ့အိုးဆယ့်တစ်လုံးကို ဖြည့်လိုက်သည် ။

" အားလုံး အဆင်ပြေသွားပြီ။ အခု အိုးတွေနဲ့ထည့်လိုက်ပြီးပြီဆိုတော့ မနက်ဖြန် စားသောက်ဆိုင်ကြီးတွေမှာ ရောင်းဖို့ ကြိုးစားကြတာပေါ့ ။"

ချန်းရှောင်မီက အလွန်စိတ်လှုပ်ရှားနေသည် ။ သူက မနက်ဖြန် ဘီယာတွေကို ဈေးကောင်းကောင်းနဲ့ရောင်းရမှာ ကြိုသိနေတာကြောင့်ပင် ။

ချန်းရှောင်မီက မြင်းဝယ်ဖို့အကြောင်းလည်း စဉ်းစားနေပြီး လုလင်းစကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည် ။ သူက လှည်းတစ်စီးကို ဆောက်လုပ်နိုင်တာကြောင့် မြို့ပေါ် ပစ္စည်းသယ်ဖို့နဲ့ ပတ်သတ်ပြီး သူတို့အတွက်စိုးရိမ်မှုမရှိပေ ။

လုလင်းကတော့ ချန်းရှောင်မီလောက် ယုံကြည်မှုမရှိပါ ။ ဘီယာနဲ့ ပတ်သတ်ပြီး စိတ်ချရပေမယ့် ဒီခေတ်ကာလက လူတွေဟာ အရင်က ဘီယာကို မကြားဖူးတာကြောင့်သူတို့ရောင်းလို့မရနိုင်လောက်ပေ ။

" ငါတို့အခြားသူတွေကို မရောင်းရလည်း ပြသနာမရှိပါဘူး ။ ငါတို့ဘာသာပဲ ပျော်ပျော်ကြီးသောက်လိုက်မှာပေါ့ ။ "

ချန်းရှောင်မီက လုလင်းကို နှစ်သိမ့်ပေးလိုက်သည် ။

" ငါတို့ဆီက ဖန်လုံးဝယ်ထားတဲ့ သခင်လေးယန်းကို တစ်အိုးပေးလို့ရတယ် ။ "

(ခု အပိုင်းကစပြီး ရန်ကို ယန်းလို့ပြောင်းလိုက်ပါပြီ။ )

လုလင်း အကြံပေးလိုက်သည် ။

သူတို့ မြို့ပေါ်တက်တဲ့နောက်ဆုံးအချိန်တုန်းက သခင်လေးယန်းနဲ့ပတ်သတ်ပြီး စုံးစမ်းထားသေးသည် ။ ယန်းသခင်လေးက မြို့ပေါ်မှာ နံမည်ကောင်းရှိသူတစ်ဦး ဖြစ်မှန်းသိလိုက်သည် ။ ဒီဘီယာအကြောင်းကိုလည်း သူ့သူငယ်ချင်းတွေဆီ ညွှန်းပေးဖို့ လုလင်းက မျှော်လင့်နေတာပင် ။ အထူးသဖြင့်ဒီခေတ်အချိန်အခါမှာ ပါးစပ်ထဲက စကားလုံးတွေဟာ အလွန်စွမ်းအားကြီးသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now