chapter -42-[ယိုရောင်းချခြင်း]

2.7K 372 5
                                    

chapter -42-[ယိုရောင်းချခြင်း]

ချန်းရှောင်မီ ယိုအိုးကို စိုက်ကြည့်နေကာ -

" ဘယ်လောက် ကြာကြာစောင့်ရဦးမှာလဲ "

" အေးနေပြီလား ။ "

" မအေးသေးဘူး ။ "

" ဒါဆို နည်းနည်းထပ်ကြာဦးမယ် ။ "

" ကောင်းပြီ ။ "

လုလင်းနဲ့ ချန်းရှောင်မီတို့ ဒီလိုအခြေအနေမျိုး မကြာခဏ ပြောကြရပြီးနောက် ငါးကြိမ်မြောက်မှာတော့ ယိုက အဆင်သင့်ဖြစ်ပြီလို့  လုလင်းက ပြောလာသည် ။

ချန်းရှောင်မီက လက်နှစ်လိုက်ပြီးနောက် အရသာခံကာ မျက်လုံးမှိတ်ထားရင်း -

" အရမ်း အရသာရှိတယ် ။ "

လုလင်း အရသာခံပြီးနောက် အရမ်းချိုနေတယ်လို့ ခံစားလိုက်ရသည် ။

" မဟုတ်သေးဘူး ။ ဒါက အရမ်းပြီးပြည့်စုံလွန်းတယ် ။ "

ချန်းရှောင်မီက ယိုကို အရမ်းချိုလွန်းတယ်လို့တစ်‌ယောက်ယောက် ပြောလာမှာမလိုချင်တာကြောင့် ထပ်ပြောလိုက်သည် ။

လုလင်း ချန်းရှောင်မီကို စိုက်ကြည့်ကာ တွေးလိုက်သည် ။

' သူအမှန်ပြောတာဖြစ်နိုင်တယ် ။ ဒီနေရာကလူတွေက အချိုကို နှစ်သက်ကြတာ ဖြစ်မယ် ။ '

လုလင်း အာရုံမစိုက်မိတဲ့အချိန်မှာ ချန်းရှောင်မီက ယိုကိုပန်းကန်လုံးတစ်ဝက်ခန့် စားပြီးပြီဖြစ်သည် ။

" တော်တော့ ၊ မင်းသွားတွေ ပိုးစားကုန်မယ် ။ "
ချန်းရှောင်မီ နှုတ်ခမ်းစူလိုက်ကာ -

' အစားကအစားပဲ ။ အစားအသောက်တိုင်းက ကောင်းတယ် ။ '

ကလေးတွေ ကောက်ပေးတဲ့ ဘယ်ရီသီးတွေကိုသုံးပြီး ယိုတစ်သုတ် ပြုလုပ်လိုက်ကာ သူ့ရဲ့စတိုးဆိုင်ထဲ ထည့်သိမ်းထားလိုက်သည် ။ နောက်တစ်ကြိမ် မြို့ပေါ်သွားပြီး ကန်စွန်းဥဝိုင်သွားရောင်းတဲ့အခါ မန်နေဂျာဝမ်ဆီ ဒီယိုတွေပါရောင်းဖို့ အစီအစဉ်ဆွဲထားသည် ။

ချန်းရှောင်မီ ယိုအိုးနှစ်အိုးကိုဖွက်ကာ လုလင်းရဲ့စတိုးဆိုင်ထဲမထည့်ပေးလိုက်ပေ ။ လုလင်းက သူ့အား ယိုအများကြီးကျွေးဖို့ငြင်းနေမှာမှန်းသိသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now