Episode 1
ကလပ်အတွင်း မျက်နှာကြက်ထံမှ လွှင့်ထုတ်နေသော ရောင်စုံမီးများက ဒီဇိုင်းစုံကာလာစုံလူအပေါင်းကို ဖြိုး
ဖြိုးဖြက်ဖြက်လက်နေစေသည်။EDM တီးလုံးသံက လူကိုပုံမှန်ထက်ပိုမြူးကြွစေကာလာရောက်စိတ်အပန်းဖြေ
ကြသော လူငယ်တစ်ချို့ကလဲ ထွက်ပေါ်နေDJ တီးလုံးသံနဲ့အတူ လိုက်ပါ ကခုန် စီးမျောနေကြသည်။
ကခုန်သူအပေါင်းနဲ့အနီးဆုံး စားပွဲဝိုင်းတစ်ခုမှာ ထိုင်
နေပြီး ဗော့ကာခွက်ကို ခပ်ဖြေးဖြေးလှုပ်နေသူက
Kongpob Suthilak ပင်။ ၁ပတ်မှာ ၅ရက်နှုန်းနဲ့
ရောက်ရောက်လာတတ်သောသူ့ကို ဝန်ထမ်းတွေကရောသူ့လို အမာခံတွေကပါ တော်တော်ရင်းနှီးနေကြပြီဖြစ်၏။ဗော့ကာခွက်ကို လက်ထဲမှာ ကိုင်ပြီး ခပ်ဖြေးဖြေးလှုပ်နေ
ရင်းမှ တစ်ကျိုက်မော့လိုက်စဉ် ခုံကနေ ရှေ့ကိုအနည်းငယ်ကားထွက်နေသော ခြေထောက်များကို တစ်စုံတစ်ယောက်လာတိုက်မိသည်မို့ ရုတ်တရက်
လှည့်ကြည့်လိုက်မိသည်။"ဟ!!! ဒီလို စည်းမဲ့ကမ်းမဲ့ လူသွားလမ်းမှာ ခြေထောက်ကို
မဆင်မခြင်ထားတာ ဘယ်သူလဲလို့ ~~ Suthilak ကိုး"တစ်ဦးကိုတစ်ဦးမြင်သည်ဆိုရုံလောက်သာ လင်းပေး
နေသော ရောင်စုံမီးများကြားက ထိုလူ့ရဲ့ခနဲ့သော အပြုံး
ကို Kong ကတွေ့ဖြစ်အောင်တွေ့လိုက်မိသည်။Kong က သူ့ကို သိသည့်အဖြစ်ကို မအံ့ဩမိ။Thailand မှာ Universe အမည်နဲ့ပတ်သက်ပြီး
အိမ်ဆောက်ပစ္စည်းတွေ ပရိဘောဂဆိုင်တွေအားလုံး
ဟာ Suthilak မိသားစုက ပိုင်ဆိုင်သည်မို့ပင်။စီးပွားရေးလောကရဲ့အထင်ကရမိသားစုကို မသိသူရှိမည်ဆိုလျှင် မွေးခါစကလေးပဲရှိလိမ့်မည်။
သူ့မျိုးရိုးနာမည်ကနေ စပြောသည်မို့ အနည်းငယ် တင်းသွားသော်လည်း အခုတလော ရန်ဖြစ်ရသည့်ပွဲပေါင်းမနည်းမနော ရှိလာခဲ့တာမို့ ဒီတစ်ခေါက် ဘာမှ ဆက်မပြောဘဲ အေးဆေးသာ ခွက်ကို ပြန်ကိုင်လိုက်သည်။သို့သော်
လည်း တစ်ဖက်က အငြိမ်မနေပေး။"မင်းလူစကား နားမလည်တာလား!! ပြောနေတာကို
မတူသလို မတန်သလိုဆက်ဆံရအောင် မင်းက ဘာကောင်မို့လဲ"သူ့လက်မောင်းကိုလှုပ်ပြောလာသည်မို့ Kong က
ခွက်ကို ပြန်ချကာ ထိုလူမျက်နှာကို စေ့စေ့ကြည့်ပေး
လိုက်သည်။ကြည့်လိုက်ပြန်တော့လဲ လူကို နှိမ်သလို
အကြည့်နဲ့ ကြည့်ပြီး ~~~
"မေ့သွားတယ်!! မင်း ဘာကောင်လဲဆိုတာ ငါသိနေတာပဲ။
မင်းက မျိုးမစစ်ကောင်လေ~~~"စကားသံကြားအပြီး ခနဲ့ပြုံးထပ်ပြုံးလိုက်ချိန်မှာ Kong က စားပွဲပေါ်တင်ထားတဲ့ ခွက်နဲ့ ထိုလူ့ခေါင်းကို ခွမ်းခနဲကွဲသည်အထိ ရိုက်ထုလိုက်သည်။ထိုလူက နောက်ကို တစ်ချက်တွန့်ပြီးအံ့ဩသွားသလို ကြည့်သည်။ပြီးတော့မှ သူ့ခေါင်းကကျလာသော သွေးတွေကိုကြည့်ရင်း ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း~~~
"မျိုးမစစ်ကောင်တွေက ဒီလိုပဲ ရိုင်းစိုင်းနေကျပဲ~~ မိမဆုံးမ ဖမဆုံးမ~~ sorry sorry ~~မင်းက ဖမဆုံးမ ဖမဆုံးမ ဟားဟား~~~"
Kong ကို ဒီလိုပြောနေသော လူထံကို Kong က တည့်တည့်သွားလိုက်ပြီး ဒူးခေါင်းကို ခြေနဲ့ တစ်ချက်
ဆောင့်ကန်လိုက်သည်။ဒီအဖြစ်ကြောင့် ထိုလူက ခွေခနဲကွေးကျသွားစဉ် Kong က ထပ်ပြီး နှာရိုးနားကို
တစ်ချက်ထိုးထည့်လိုက်သည်။ရုတ်ရုတ်သဲ
သဲဖြစ်သွားသော အခြေအနေကြောင့် ကလပ်လာသူအပေါင်းလဲကနေကြရာမှ သူတို့ကို ကွက်ကြည့်ကြည့်လာသည်။
ထို့နောက် Kong က ထိုလူလည်ဂုတ်က အင်္ကျီသားကိုဆွဲဆောင့်လိုက်ရင်း~~~"မျိုးစစ်တယ် မစစ်ဘူးဆိုတာ သိချင်ရင် မင်းညီမ ငါ့အိမ်လွှတ်လိုက်လေ~~~"
Kong က မျက်ခုံးကို ပင့်ကာ ပြောလာသည်မို့ ထိုလူကတရှူးရှူးဖြစ်ကာ သူ့လက်တွေကို ဖယ်ချရန်ကြိုစားသည်။သို့သော် ဒေါသရှိန်ကြောင့် အားကြီးနေသော Kongရဲ့တင်းမာသော လက်များကို ဖယ်ချလို့မရဘဲ ရှိနေသည်။
"မင်း ခွေးစကားမပြောနဲ့!!!~~"
"ခွေးကို ခွေးနားလည်အောင် ပြောပြတာ ဆန်းလား။
ငါ ခွေးတွေကို ခွေးလိုပဲ ပြန်ပြောပေးတတ်တယ်။ပြော
မရတဲ့ ခွေးဆို ဘယ်လိုပညာပေးတယ်ဆိုတာ မင်း
စုံစမ်းကြည့်ဦး~~အာ!! မေ့လို့ ငါ့ကို တွေ့ကတည်းကသိတယ်ဆိုတော့ မင်းငါ့အကြောင်း သိနေတာပဲ!! လာဆွရဲတဲ့ သတ္တိကို လေးစားတယ်~~ဒါပေမယ့် ငါက မင်းလာ
ဆွတိုင်း ငြိမ်ခံမယ့်ကောင်မဟုတ်တာ ဒီထဲကနေ မြဲမြဲမှတ်သွား~~~"ပြောလဲပြောရင်း Kong က နားထင်နားကို လက်ညှိုးနဲ့ ထိုးလိုက်သည်မို့ တစ်ဖက်လူရဲ့ မျက်နှာမှာ ဒေါသရဲ့လွှမ်းသွားသည်။သို့သော်အားမတန်လို့ မာန်လျှော့
ထားရခြင်းသာ။လုံခြုံရေးတွေလဲ ရောက်လာပြီး Kongကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်များကို ဖယ်ပြီးဆွဲထုတ်လိုက်သည်မို့ Kong က သူ့လက်ကို ခါထုတ်လိုက်သည်။ထို့နောက် ဂုတ်မှာ ချိတ်ထားတဲ့ နားကြပ်နဲ့ ထိုလူ့ခေါင်းထံ ပေါက်ထုတ်လိုက်ပြီး လုံခြုံရေးတွေကြားက ထွက်လာခဲ့လိုက်သည်။