Unicode ver.11

512 54 1
                                    

Episode 11

မီးအလင်းရောင်လို ခပ်စူးစူး အလင်းရောင်လေးကို ခံစား
မိသည်မို့ Arthit က မျက်လုံးလေးများကို အားစိုက်ဖွင့်ယူ
လိုက်သည်။ထို့နောက် ရေချိုးခန်းအတွင်းကနေ ရေကျသံ
ကို ကြားနေရသည်မို့ Kong ရေချိုးနေသည်ကို သိလိုက်
မိသည်။သို့သော် သူစဉ်းစားနေမိသည်က ကုတင်စွန်းကနေ
ဘယ်လိုကြောင့် စောင်တွေ ခေါင်းအုံးတွေပေါ်မှာ ကျကျနန အိပ်ပျော်နေရပါသလဲ။ခါးတစ်ပိုင်း ခြုံထား
သောစောင်လေးကို ကိုင်ထားရင်း အဖြေထုတ်နေတုန်း
ရေချိုးခန်းတံခါးဖွင့်ကာ Kong ထွက်လာသည်ကို မြင်
လိုက်ရသည်။ခါးမှာ သဘက်အဖြူကိုသာ ဝတ်ထားပြီး
အပေါ်ဗလာကျင်းဖြစ်နေတဲ့ပုံကြောင့် Arthit ခြေထောက်
လေးများစုကပ်သွားသည်။ရေသီးတွေ တွဲခိုနေသော ရင်
အုံဖွံ့ဖွံ့ထွားထွားကလဲ သူ့ကို ခြိမ်းခြောက်နေသည့်အလား
အရှက်သည်းနေသော ကိုယ့်အဖြစ်ကို ကိုယ်သာပြန်ထိန်း
လိုကိသည်။

^^ငါလဲ ယောက်ျားလေးပဲ။ဘာမှမဖြစ်နဲ့^^

ဗီရိုထဲက သဘက်တစ်ထည်ကို ထုတ်ကာ ရေစိုနေသော
ခေါင်းတွေကို တစ်ချက်နှစ်ချက်သုံးပြီး အကျႌကောက်စွတ်
လိုက်သည်မို့ Arthit အနေနဲ့ ဝင်ပြောရပြန်သည်။

"ခေါင်းသုတ်တာ ပြီးသွားပြီလား~~"

Kong က ရေမွှေးဘူးလေးကိုင်ထားရင်းမှ Arthit ကို
လှည့်ကြည့်သည်။ထို့နောက်~~

"ကျွန်တော့်ကို ပြောနေတာလား"

"ဒီအခန်းထဲမှာ မင်းရယ် ငါရယ်ပဲရှိတာလေ~~မင်းနဲ့မပြောလို့ ဘယ်သူနဲ့ပြောရ
မှာလဲ~~~'

"မသိဘူးလေ~~ကျွန်တော့်ကို ခင်ဗျားစိတ်ဆိုးနေတာမဟုတ်လား~~"

ဒီတော့မှ သူနဲ့ Kong ကြားက ကိစ္စကို ပြန်သတိရမိသည်။

"ငါက မင်းလို အကောက်အတေးများတဲ့သူမဟုတ်ဘူး"

Arthit က ထိုတစ်ခွန်းသာ ပြောကာ ငြိမ်ကျသွားသည်မို့
Kong ဘက်ကသာ စကားဆက်လိုက်သည်။

"ပြောလေ~~ဘာပြောမလို့လဲ~~"

"မင်းခေါင်းတွေ မခြောက်ဘူးဆိုရင် ဖျားလိမ့်မယ်~~သေ
ချာထပ်သုတ်လို့ ပြောမလို့~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now