အပိုင်း (၃၃)

4.5K 367 50
                                    

Episode 33

Arthit က ဆေးရုံဝတ်စုံလေးကို သေချာခေါက်ပြီး ကုတင်
လေးပေါ် တင်လိုက်သည်။ထို့နောက် စားပွဲပေါ်မှာ တင်
ထားတဲ့ လက်ထပ်လက်စွပ်လေးကို ပြန်ဝတ်မည်အပြု
လက်ထဲကနေ လွတ်ကျကာ ကုတင်စွန်းလေးနားကျ
သွားသည်။

သူကတော့ အမှုမဲ့ အမှတ်မဲ့ ပြန်ဝတ်လိုက်ပြီးမှ ကြီးကြီး
Pang ပြောခဲ့ဖူးသော စကားများကို ပြန်ကြားယောင်
မိသည်။

"လက်ထပ်လက်စွပ်တွေက အကြောင်းမဲ့ ပြုတ်မကျကောင်းဘူး~~ အဲလို ကျွတ်ကျရင် အိမ်ထောင်ရေး အန္တရာယ်ရှိတတ်တယ်လို့ အယူရှိတယ် သားရဲ့~~ အဲဒါကြောင့် ချက်ချင်း ပြန်မဝတ်ဘဲ ရေမန်း
နဲ့ တောက်လိုက်ပြီးမှ ပြန်ဝတ်ကြတယ် "

သူတို့ဘက်က ဓလေ့လေးကို Arthit ကို တစ်ခါပြောဖူး
သည်ကို အမှတ်ရမိသည်။ပြီးတော့မှ သူ့လက်မှာ ဝတ်လိုက်မိသော လက်စွပ်ကို ပြန်ချွတ်ရကောင်းနိုးနိုး
ဝတ်ထားရကောင်းနိုးနိုးနဲ့ စဉ်းစားနေတုန်း ဖုန်းဝင်လာ
သည်။

"ဟယ်လို ကြီးကြီး Pang မလာသေးဘူးလား "

ဆေးရုံဆင်းရင် သူ့ဆီကို ကြီးကြီး Pang လာကာ ပစ္စည်းတွေသိမ်းပေးမယ် ပြောထားပြီး ခုထိရောက်မလာသေးလို့ ဦးစွာ မေးလိုက်သည်။ညနေဆို
ရင်ပဲ ပွဲကစတော့မည်ဖြစ်၍ သူ အိမ်ကို ခုချိန်ထဲက ပြန်
ရောက်မှ ဖြစ်မည်။

" သားရေ ~~ ပူတူးလေး ~~ ပူတူး အိမ်မှာ မရှိဘူး'

"ဗျာ~~ အိမ်မှာ မရှိဘူးဆိုတာ ဘာကိုပြောတာလဲ~~"

"မရှိဘူး~~ ပူတူးလေး ပျောက်နေတယ် "

Arthit ကိုယ်လေး အရုပ်ကြိုးပျက်ကျသည့်အလား ကုတင်ပေါ်ကို ထိုင်ချလိုက်မိသည်။

"သား ဘယ်ရောက်သွားတာလဲ~~ ဘယ်လိုဖြစ်တာလဲ ကြီးကြီး Pang ရယ် "

"အင်း ~~ သူရော ပြီးတော့ ဟို မိန်းကလေး Vong လဲ ပျောက်နေတယ် "

"ဗျာ ~~ဒါဆို ဒါဆို "

ကြီးကြီး Pang အပြောနောက်မှာ Arthit က သဘောပေါက်သွားမိသည်။

"ကြီးကြီး ကျွန်တော် ဖုန်းပြန်ဆက်မယ်နော် '

"အင်း "

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now