Unicode ver.17

547 52 1
                                    

Episode 17

ရေမိုးပြီး အဝတ်လဲနေတာ ကြာနေသော  Kong ဘက်ကို
ခေါင်းအုံးစွပ်တွေလဲနေသော Arthit က တစ်ချက်
ကြည့်လိုက်မိသည်။အားကစားဘောင်းဘီက ရှုံ့ကြိုး
ကို ချည်နေတာ မပြီးနိုင်။တစ်ကယ်တော့ ခေါင်းကို သေ
ချာမငုံ့ဘဲ လူက နည်းနည်းယိမ်းထိုးနေသည်ဖြစ်၏။

"ဘာလုပ်နေတာလဲ အဲဒါက"

မေးလာသော Arthit ကို ခေါင်းလေးထောငိကြည့်ရင်းမှ
မျက်နှာငယ်လေးနဲ့~~

"ဘောင်းဘီသားရေကြိုးချောင်နေလို့ ကြိုးနဲ့တင်းနေတာ~"

တစ်ကယ်လဲ ကြိုးမချည်ဘဲထားပြတော့ ကျွတ်ကျဟန်
ပြင်နေသည်မို့ Arthit မျကိလုံးလေးပိတ်ကာ ဘောင်း
ဘီလဲရန်ပြောလိုက်သည်။

"မလဲချင်ပါဘူး~~~ဒီနေ့ ဒီဘောင်းဘီပဲဝတ်မှာ~~"

"ဘာလို့လဲ~~မင်းခေါင်းမူးနေလို့ မချည်နိုင်ဘူးမလား"

"ဟင့်အင်း~~ခင်ဗျားနဲ့ ဆင်တူဖြစ်အောင်!! "

Kong အပြောကြောင့် Arthit က သူ့ဘောင်းဘီလေးကို
ငုံ့ကြည့်လိုက်မိသည်။Pa Pa တို့ ဘန်ကောက်က ပြန်လာ
တုန်းက Kong အတွက်ရော Arthit အတွက်ပါ ရည်
ရွယ်ကာ ဆင်တူ ဝယ်ပေးခဲ့သော အဝတ်အစားများထဲ
က တစ်ခုဖြစ်သော ဤဘောင်းဘီလေးများ။ဒီနေ့သူဝတ်
လို့ သူပါလိုက်ဝတ်သည်ပေါ့။

"ဟူး~~ဒီနားကိုလာ~~"

Kong က ဘောင်းဘီလေးကိုင်ကာ Arthit အနားကို
လျှောက်လာတော့ Arthit ကလဲ ကုတင်စွန်းနားတိုးသွား
လိုက်သည်။မတ်တပ်ရပ်နေသော Kong မို့ ကုတင်ပေါ်
က Arthit က Kong ဗိုက်ကို တစ်ချက်ပုတ်လိုက်သည်။

"မင်းတော်တော်ဆိုးတဲ့ဟာလေး~~"

"အိုးဟိုး~~~နာတယ်"

"အေး နာရင် sorry"

တောင်းပန်တဲ့လူရဲ့လေသံကြောင့် Kong  က ရယ်ချလိုက်
သည်။

"ခင်ဗျားဗျာ~~တောင်းပန်တာကို ဆောင့်ကြီးအောင့်ကြီး
နဲ့~~ဒီလိုဆိုလဲ တောငိးပန်မနေပါနဲ့လား~~နားဝင်မချို
လိုက်တာ~~"

Kong က နားထဲကို လက်လေးထည့်ကာ လှည့်လိုက်သည်
မို့ Arthit က နှုတ်ခမ်းလေး ဖိကိုက်လိုက်သည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now