အပိုင်း(၃၅)Final episode

6.2K 475 52
                                    

Episode 35(final episode )

ခံစားခဲ့ရသော အကြောင်းအရာတို့ကို ဇာတ်လမ်းတစ်ခု
ခင်းပြရမယ်ဆိုရင် အခုအချိန်ဟာ သိပ်ကို ပျော်စရာကောင်းတဲ့ အခန်းရောက်နေပြီလို့ ပြောရမှာပါ။
သူတို့ရဲ့တစ်ဦးပေါ်တစ်ဦးထားတဲ့ အာဃာတတွေ ရန်ငြိုး
တွေ အမုန်းတရားတွေကို အလျှိုလျှို ချေဖျက်လိုက်ကြ
သည်မှာ မင်္ဂလာတစ်ပါးလို ဖြစ်နေသည်။ ဒါကြောင့် လေပြင်းတိုက်ပြီး ပြန်လည်လန်းဆန်းလာသော ပင်လယ်
ပြင်လို လှပသောအဖြစ်အပျက်လေးတွေက ကျွန်တော်တို့ မိသားစုမှာ သက်ရောက်နေကြပြီဖြစ်သည်။

Arthit က အခန်းထဲကို တိတ်တိတ်ကလေး ခြေဖွကာ
ဝင်လာခဲ့လိုက်သည်။ထို့နောက် နှစ်ယောက်အိပ် ကုတင်အကြီးကြီးပေါ်က အိပ်ပျော်နေသော Kong နားမှာ
ခပ်ဖြေးဖြေးဝင်ထိုင်လိုက်သည်။ လက်အုပ်ကလေးချီရင်း မျက်စိမှိတ်လိုက်ကာ ~~~

"ပျော်ရွှင်စရာ Yi Peng ပွဲတော်ဖြစ်ပါစေ ။ မောင်ကျန်းမာ
ပါစေ မောင်အန္တရာယ်ကင်းပါစေ ၊ မောင် ခံစားခဲ့ရသမျှ
နာကျင်စရာအတိတ်တွေပျောက်ပြီး ပျော်ရွှင်စရာမိသားစု
ဘဝလေးကို ဖြတ်သန်းနိုင်ပါစေ "

Arthit က ဒီနှစ်ရဲ့ကျရောက်လာသော Yi Peng ပွဲတော်
လေးကို ထုံးစံအတိုင်း Kong ထံလာကာ ဆုတောင်း
ပေးပြန်သည်။Kong က Yi Peng ပွဲတော်ကို သွား
ရတာ သဘောမကျဆိုသဖြင့် ဒီတိုင်းလေးသာ မီးပုံမလွှတ်ရဘဲသာ ဆုတောင်းပေးလိုက်မိသည်။

Arthit ကုတင်ဘေးလာထိုင်ကတည်းက Kong နိုးနေ
ပြီဖြစ်သည်။သို့သော် Arthit ကိုစောင့်ကြည့်လို၍ ငြိမ်နေခဲ့
ခြင်းဖြစ်သည်။မျက်လုံးလေးမှိတ်ကာ ပွစိပွစိဆုတောင်းနေသော Arthit ကိုမျက်စိလေးတစ်ဖက်ဖွင့်ကာ ခိုးကြည့်မိသည်။
ဆုတောင်းလို့ ပြီးသွားသည်ဖြစ်မည်။ခဏငြိမ်ကျသွား
ချိန် Kong က Arthit ပါးလေးကို ကိုယ်လေးမတ်ကာ
နမ်းရှိုက်လိုက်သည်။

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကလေး "

"ဟာ "

ပါးလေးကို လက်နဲ့စမ်းကာ အူကြောင်ကြားလုပ်နေသော
သူ့ကို Kong က ပွေ့ဖက်ယူလိုက်သည်။

" မ ဟာ နဲ့လေ~ မောင်မနမ်းရင် ကလေးနမ်းနေရမှာပေါ့
အဲဒါကြောင့် မောင်က နမ်းပေးလိုက်တာကို "

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now