Unicode ver.31

730 49 0
                                    

Episode 31

Kong က Minne လက်ကလေးကိုဆွဲကာ အိပ်ခန်းတွင်း
သို့ဝင်လာခဲ့လိုက်သည်။ကြိမ်ကုလားထိုင်လေးမှာ ထိုင်ချရင်း ကလေးကို ပေါင်ပေါ်တင်လိုက်ကာ မျက်ရည်တွေစိုစွတ်နေသောကလေးပါးပြင်ကို သုတ်ပေး
လိုက်သည်။

"သား မငိုရဘူးလေ~~Pa Pa က နေပြန်ကောင်းမှာပါ"

Minne လေးက ချော့ကာမှ ကိုယ်လေးသိမ့်သိမ့်ပြီးငိုနေ
သည်မို့ Kong အနေနဲ့ စိတ်မကောင်းဖြစ်မိသည်။

"Pa ..... Pa Pa က ~~ဟင့် ဟင့် အရင်ကရဲ~~ ခဏခဏ မေ့မေ့ရဲတတ်တယ် ~~Pa Pa Kong က သိမှမသိတာရို့~~~ဟီးးး......"

မျက်လုံးလေးကို ပွတ်ကာ ရှိုက်ကြီးတငင်ပြောနေသော
သားစကားများကို  Kong နားထောင်ပြီး စိတ်မကောင်း
ဖြစ်ရသည်။

"Pa Pa က အဲရို နေမကောင်းဖြစ်ပြီး ချေးရုံချင်းလာရင်
ွအကြာကြီး ဘာမှ မချားနိုင်တော့ဘူး~~~ဟီးးး..."

"အင်းပါ~~ ဒီတစ်ခေါက်က အဲလိုမဖြစ်ဘူး သားရဲ့~~
သား Pa Pa က ဆေးရုံကဆင်းရင် အစားတွေအများ
ကြီး စားမှာ~~ မစားလို့မရဘူး ~~ မစားရင် Pa Pa Kong ကိုယ်တိုင် ခွံ့ကျွေးလိုက်မှာပေါ့~~~"

"တကယ်ရား~~"

"တကယ်ပေါ့~~သား Pa Pa က Pa Pa Kong စကားကို
နားထောင်တာ သိတယ်မလား'

"အင်း~~Pa Pa က Pa Pa Kong ကို ချစ်တာကို~~"

ကလေးက လက်ကလေးများကို ဆုပ်ရင်း မျက်လွှာလေး
ချကာ ပြောနေသည်မို့ Kong က ပြုံးလိုက်မိသည်။

^^P'Arthit ရယ် ကလေးတောင် မြင်လောက်တဲ့အထိ
ကျွန်တော့်အပေါ် ချစ်ခဲ့တာ ပေါ်လွင်နေခဲ့တယ်လား^^

"အင်း Pa Pa ကလဲ မင်းအဖေကို ချစ်ပါတယ်ကွာ"

"ဟင့်အင်း~~ Pa Pa က ပိုချစ်တာ~~"

"ဟာ~~မင်းက မင်း Pa Pa ဘက်ကနေတာပေါ့လေ"

"ဟုတ်တယ်လေ~~Pa Pa က ဘုရားရှိခိုးတိုင်းရဲ Pa Pa
Kong အတွက် ချုတောင်းပေးတယ်~~ သား ငါးမချား
ရင်ရဲ Pa Pa Kong နဲ့တူတယ်ရို့ ပြောတယ်~~သား
ဘာရုပ်ရုပ် Pa Pa Kong နဲ့ပဲ တူခိုင်းနေတာ~~ဘိုးဘိုး
Joy က Pa Pa Kong ကို ဘီရူးကြီးရို့ ပြောတော့
သားကို Pa Pa က Pa Pa Kong က ဘီရူးကြီးနဲ့မတူ
ဘူးတဲ့ ~~ အရမ်းချောတာမို့ အဖေကို အဲလိုမပြောနဲ့
ရို့အမြဲပြောတာ~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now