Unicode ver.27

719 54 1
                                    

Episode 27

Vong က အခန်းတံခါးလေးကို ဖွင့်လိုက်တော့ Mae က
လက်ခွံပေါ်က မခြောက်သေးသော လက်သည်းနီများကို မှုတ်ရင်း သူ့ကို ရပ်ကြည့်နေသည်။Vong က ကိုင်ထား
သော စာအုပ်ကို အနီးအနားက ခုံပေါ်တင်ရန် ပြန်ဝင်လာ
သည်မို့ Mae ကလဲ လိုက်ဝင်လာသည်။

"နင့်အကောင်ပြန်ရောက်နေပြီဆို !!! "

Mae အပြောကြောင့် Vong က စိတ်ရှုပ်သော မျက်လုံး
လေးများနဲ့ ကြည့်လိုက်သည်။

"Mae ဘယ်လို သိတာလဲ "

"Cheer ပြောတာ~~~"

Vong က အနားမှာ ရှိမနေသော သူငယ်ချင်း Cheer ကို မှန်းကာ ဒေါသထွက်သွားမိသည်။

"နင့်အကောင်က ဘာတုန်း!! Arthit ဆီပဲ ပြန်သွားတာ
လား အခု~~"

Mae အပြောကြောင့် Vong က လက်ကလေးများ
ကိုဆုပ်ဖျစ်ထားရင်း တွေးမိသည်က ~~

^^သူစိတ်က ဘယ်တုန်းကမှ Arthit ဆီက ထွက်မလာ
ခဲ့ပါဘူး Mae !! သမီးကသာ ကိုယ့်ချစ်သူမဟုတ်မှန်း
သိသိနဲ့~~^^

Vong က သက်ပြင်းချလိုက်ရင်း~~

"Mae.... သူက သမီး ကောင်လေးမဟုတ်ပါဘူးဆို Mae
ကို ပြောထားတယ်မလား..ပြီးတော့ သူက သမီးကို နည်းနည်းတောင် မချစ်ဘူး "

Lily က စိတ်ပျက်စွာကြည့်လိုက်သည်။ ထို့နောက် အနီး
က ခုံမှာ ဝင်ထိုင်လိုက်ရင်း~~

"တော်!!!အဲအကောင်က မချစ်တာလေ!! နင်ချစ်လို့ ပေး
ခဲ့တာ တွေ ပေးပြီးပြီမလား!! နင့်ကိုနင် အပျိုစင် မိန်းကလေးဆိုတာ သတိထားမိရဲ့လား Vong!! နင့်တို့ရဲ့
အပေးအယူဆိုတာ ဘယ်မလဲ!! နင်ချည်းပဲ ပေးပြီး သူ့
ဘက်ကကျတော့ ရှောင်ထွက်သွားရတာနဲ့ ဝေးဝေးနေ
နေရတာနဲ့ ဒါ ဘာသဘောလဲ"

"Maeee....."

"ဒီမှာ Vong!! မိန်းမဆိုတာ ကိုယ့်ဘက်က ပေးမိပြီးရင်
အဲလူကိုယ့်နားမြဲနေအောင် လုပ်ယူရတယ်!! မဟုတ်ရင် ကိုယ်တန်ဖိုးမဲ့သွားမှာပေါ့~~ကိုယ့်ဘက်က သွားတာမ
သွားတာ ကိုယ့်အပိုင်း!! ကိုယ်ဝင်လာမယ့်အချိန် တံခါး
ဖွင့်စောင့်နေအောင် Stand by ဖြစ်နေရမှာက သူတို့~~"

Mae ရဲ့ ဒဿနတွေကို Por သာ ကြားရင် ဘာဖြစ်မည်
မသိ။ အခုလို Mae ကိစ္စတွေရော Vong ကိစ္စတွေကို
အဘိုးနဲ့ Por က စိုးစဉ်းမျှမသိလေခြင်း။သို့သော် လျင်
မြန်ပါးနပ်သော Mae ကိုတော့ တိုင်ပင်ဖော်အနေနဲ့ Vong
ပြောပြမိခဲ့သည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now