Unicode ver.18

532 56 3
                                    

Episode 18

Wind နဲ့ Arthit က ဧည့်ခန်းထဲမှာထိုင်ကာ စကားစမြည်
ပြောနေကြခြင်းကို လက်စသတ်လိုက်သည်။တကယ်တော့
Wind က Arthit စိတ်အခြေအနေကို physco သဘော
တရားအရ စစ်ဆေးမှုအပြီး စကားပြောခြင်းကို လက်စ
သတ်လိုက်တာဖြစ်သည်။Arthit က အိမ်ပေါ်ထပ်ကို ပြန်
တက်လာတော့ Kong ကို ကြမ်းပြင်းမှာ ပက်လက်အနေ
အထားနဲ့တွေ့သည်မို့ Kong အနား တင်ပျဉ်ခွေထိုင်ချ
လိုက်သည်။

"ဘာဖြစ်နေတာလဲ အဲဒါ~~~"

မဖြေဘဲနဲ့ အပေါ် မျက်နှာကြက်ကိုသာ ကြည့်နေသည်မို့
Arthit က Kong ပါးနှစ်ဖက်ကို ဆွဲဖျစ်လိုက်သည်။

"Pa Pa တို့ ပြန်ရောက်နေပြီ သိလား"

ဘယ်လိုအဖြေကိုမှ ပြန်မဖြေလေတော့ Arthit အနေနဲ့
သဘောပေါက်သွားရသည်။Wind နဲ့စကားပြောနေလို့
စိတ်ကောက်နေသည်မှန်း။ကလေးစိတ်လိုဖြစ်နေသော
Kong နဖူးက ဆံစတွေကို သပ်တင်ရင်း Arthit က Kong
နဖူးကို တစ်ချက်ရိုက်လိုက်သည်။

"Khun Wind နက်ဖြန် ဘန်ကောက်ပြန်မယ်တဲ့~~"

ထိုအခါမှ သူ့ကို အားတက်သွားသော မျက်လုံးတွေနဲ့
စိုက်ကြည့်လာကာ ပြုံးရွှင်ပြီး ပေါင်ပေါ်ခေါင်းလာအုံး
လိုက်သည့် Kong။

"ကောင်းတယ် သူပြန်မှ နားအေးမယ်~~မဟုတ်ရင်
သူက ခင်ဗျားကို ဟိုလိုတွေ စစ် ဒီလိုတွေ စစ်နဲ့ ကြည့်လို့ရ
ကိုမရဘူး~~~လူသားစားတတ်ရင် အဲလူကို တစ်ရက်တောင် အရှင်မထားချင်ဘူး~~~"

"ဘာလို့အဲလိုလုပ်ချင်နေတာလဲ Kong"

"မသိဘူး~~ ဒီလိုပဲ စိတ်ထဲ တစ်မျိုးကြီး နေလို့ မကောင်းလို့~~~"

"မင်း အဲဒါ မင်းအရုပ်ကို သူများယူဆော့တဲ့အခါ ရတဲ့
ခံစားချက်မျိုးဖြစ်နေတာမလား~~~ငါ့ကို မင်းအပိုင်လို့
ခံစားနေမိလို့လေ~~ကဲပါ~~ထားတော့ !! ရေချိုးမယ်
ထ ထ!! "

Kong က သူကိုယ်တိုင် နားမလည်သော ခံစားချက်တစ်
ခုကို Arthit က ပြောပြသဖြင့် Arthit အပြော အမှန်လို့
သာ ယူဆလိုက်မိသည်။တကယ်တမ်းလည်း တစ်ခြားသူ
တွေနဲ့ Arthit ကို တွေ့ရတဲ့အခါ သူ့အနေနဲ့ သဘောမကျ
တာမျိုး မသိစိတ်က ဦးနှောက်ကို အစဉ်အမြဲ အချက်ပြ
လေ့ရှိသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Donde viven las historias. Descúbrelo ahora