Unicode ver.6

481 47 1
                                    

Episode 6

ပစ္စည်းတွေ သိမ်းဆည်းနေသော Arthit အနားကို အန်တီ
Emma က ဖြည်းဖြည်းချငိး လှမ်းဝင်လာခဲ့သည်။ထို့
နောက် တစ်ယောက်အိပ်ကုတင်လေးရဲ့အစွန်းမှာ Arthit
ကို မျက်နှာချင်းဆိုင်ပြုကာ ထိုင်လိုက်ရင်း စီးကျလာ
သော မျက်ရည်များကို သုတ်လိုက်သည်။ပွဲတော်အပြီး
အိမ်ကိုပြန်ဖို့ပြင်ဆင်နေသော Arthit ကလေးကို သံယော
ဇဉ်တွယ်မိလှသည်။ညဘက်တွေဆို လန့်လန့်နိုးပြီး မနက်
ဆို သွားချင်ရာစက်ဘီးလေးနဲ့ ထွက်ထွက်သွားတဲ့ကလေး။
အစားလဲ မှန်မှန်မစားသလို တစ်ယောက်တည်းသာ ကုတ်ကုတ်လေးနေသည်မို့ အမြဲစိတ်ပူနေခဲ့ရသောကလေး

"Arthit ~~ နောက်လဲ မကြာမကြာလာလည်နော်!!"

Arthit က သူ့အပေါ် သံယောဇဉ်တွယ်နေသော Aunty Emma ကို ကြည့်ကာ ခပ်ပျော့ပျော့လေးပြုံးရင်း ခေါင်း
ညိမ့်ပြလိုက်သည်။

"လာမှာပေါ့ အန်တီ Emma ကလဲ~~ မငိုပါနဲ့~~"

ကြားထဲမှာ ခံနေတဲ့ luggage ကို ဆွဲဖယ်လိုက်ပြီး အန်တီ
Emma ကိုယ်လုံးကို ထွေးဖက်လိုက်သည်။ငိုချင်ရက် လက်တို့ ဖြစ်သွားသော အခြေအနေကြောင့် အန်တီ Emma က အသံထွက်အောင် အော်ငိုလိူက်သည်။

"မငိုပါနဲ့~~ကျွန်တော်လဲ အန်တီ Emma ကို ကိုယ့်ဆွေ
မျိုးလိုပဲ သဘောထားတော့ ခုလို ခွဲရတာကို စိတ်မကောင်း
ဘူး~~~"

"မနက်မနက် အသိမပေးဘဲ ပျောက်ပျောက်သွားတဲ့
ကျွန်တော့်ကို စိတ်ပူစရာမလိုတော့ဘူး~~အချိန်မှန်မှန်
ထမင်းမစားလို့ စိတ်ပူစရာလဲ မလိုတော့ဘူး~~ အန်တီ
Emma စိတ်ပင်ပန်းခဲ့ရတာတွေကို အနားပေးလိုက်ပါ
တော့~~ဒီအတောအတွင်း ကျွန်တော့်အပေါ်ထားတဲ့
စေတနာတွေကို ကျေးဇူးတင်မိပါတယ်~~"

ကျောလေးကို ဖွဖွလေး ပွတ်လာသော Arthit ကြောင့်
အန်တီ Emma က သက်ပြင်းလေး ခပ်ဖွဖွ ချလိုက်သည်။
ထို့နောက် အိပ်ကပ်ထဲမှာ ဘူးလေးနဲ့ထည့်ထားသော
ဆွဲကြိုးလေးက်ု ထုတ်ကာ~~

"ရော့~~မင်းအတွက် အန်တီ Emma ဘာလက်ဆောင်မှ
မပေးလိုက်နိုင်ဘူးကွယ်~~ဒါကြောင့် ဒီကျူးလစ်လော့ကတ်နဲ့ ဆွဲကြိုးလေးပဲ ယူသွားနော်~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now