Unicode ver.14

573 57 1
                                    

Episode 14

Anong ကသူငယ်ချင်းဖြစ်သူကို တွေ့ရရန်အတွက်
စိတ်ကျန်းမာရေးဌာနဘက်ကို ကူးလာခဲ့လိုက်သည်။ဆေး
ရုံတစ်ဝင်းထဲမှာပဲ တည်ရှိသော စိတ်ကျန်းမာရေးဌာနကို
၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ခြင်းဖြင့် Anong
လိုရာကို ရောက်ခဲ့ရသည်။

"Anong~~~လာလေ"

အခန်းတံခါးလေးကို ခေါက်ကာ ညင်သာစွာ ဝင်လာသော
သူငယ်ချင်းကို Shelli က လှမ်းခေါ်လိုက်သည်။

"မတွေ့ရတာကြာပြီနော်!! ပိန်သွားလိုက်တာ"

ပါးလေး ပြည့်ပြည့်မို့မို့ရှိနေတတ်သော Anong မှာ သိသိ
သာသာ မေးရိုးပေါ်နေသည်မို့ Shelli က အားမလိုအားမရ
ညည်းလိုက်မိသည်။

"အင်း~~အလုပ်တွေ ခုတစ်လော သိပ်များနေတာ"

"ဒါနဲ့ လာရင်းကိစ္စပြောပါဦး~~ အရေးတကြီးကိစ္စမရှိရင်
Anong က အချိန်ပေးပြီး မတွေ့မှန်း ကျွန်မ သိပါတယ်နော်"

"အဲလိုလဲ မဟုတ်ရပါဘူးဟယ်~~~ ငါတကယ်မအားတာကြောင့်ပါ~~"

"အင်းပါ~~စတာ ပြောလေ~~"

Anong က သက်ပြင်းလေးချလိုက်ရင်း~~

"သားလေး အိမ်ထောင်ကျပြီးကတည်းက သူနဲ့လဲ မတွေ့
ရသလို ဖုန်းတောင် တစ်ခါတစ်လေမှ ပြောဖြစ်ကြတယ်'

"ဟယ်~~Anong ရယ်"

ဝမ်းနည်းမှုများစွာပါသော အသံနဲ့ ရေရွတ်လိုက်သော
Shelli ကို အကူအညီတောင်းခံမည့် မျကိလုံးလေးများနှင့်
Anong ကြည့်လိုက်သည်။

"သားလေးအကြောင်း နင်သိသားပဲ~~ခု နေလို့ရော
ကောင်းရဲ့လား~~ဘာတွေဖြစ်နေလဲ ငါမသိရဘူး
သူ့ကိုမေးရင်လဲ စိတ်ကျေနပ်လောက်မယ့် အဖြေမျိုး
တစ်ခါမှ မပေးဘူး~~~အသံကိုကြားရတာ ~~"

Anong အသံလေး တိမ်ဝင်သွားသည်။စားပွဲပေါ်တင်
ထားတဲ့ Anong လက်များကို Shelli က ယူကာ ဆုပ်
ကိုင်လိူက်သည်။

"ဝမ်းမနည်းပါနဲ့ဟာ"

"ငါ သူ့ကို သိပ်တွေ့ချင်တယ် Shelli ရယ်~~ဒါပေမယ့်
ငါ သဘက်ခါ US ကို စာတမ်းဖတ်ဖို့ သွားရမယ်"

Shelli က Anong လက်ကလေးများကို နွေးထွေး
စွာ ဆုပ်ကိုင်ထားရင်း~~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now