Unicode ver.21

484 48 1
                                    

Episode 21

Arthit က ညဆယ့်တစ်နာရီထိုးတာတောင် အခန်းထဲမှာ
လက်ကလေးနှစ်ဖက် ဆုပ်ယှက်ကာ ထိုင်နေဆဲ။Kong မနက်ကတည်းက ထွက်သွားပြီး ခုထိပြန်မလာသေးသည်
မို့ Arthit အနေနဲ့ အနည်းငယ်တော့ စိတ်ပူမိသား။

"ချက် ချက် ချက်~~~"

ကျွန်းဘောင်နာရီက လက်တံလေး တစ်ချက်ချက် မြည်
နေလေ၏။Air con ဖွင့်ထားသော အခန်းထဲက Arthit
ကို အေးချမ်းမှု ပေးနိုင်စွမ်းမရှိ။သို့သော် ရုတ်တရက်ကား
သံကြားရသည်မို့ Arthit က အခန်းပြတင်းပေါက်လေး
ဖွငိ့ပြီး အောက်ထပ်ဆီကို ငုံ့ကြည့်လိုက်သည်။ကားသံကို
မကြားရတော့သလို ကားကိုပင်မတွေ့။ စိတ်ထဲက ကြားနေမိသည်သာ။ထို့ကြောင့် အောက်ထပ်ကို အပြေးလေးတစ်ပိုင်း ဆင်းလာခဲ့တော့
လှေကားရင်းမှာ ကြီးကြီး Pang နဲ့ဆုံလေသည်။

"သား!!! ဘယ်ကိုတုန်း~~'

"အနောက်ခြံ ခဏသွားမလို့~~"

"အပြင်မှာ နှင်းတွေ တအားကျနေတယ်~~ မသွားပါနဲ့
သားရယ်~~ "

ကြီးကြီး အပြောကြောင့် အောက်ထပ်က အပြင်လေအေးအေးအရသာကို ခံစားမိသည်။ဖွင့်ထားဆဲ
ပြတင်းပေါက် တစ်ချပ်ကို မပိတ်ရသေးသည်မို့ ဆောင်း
လေအေးကို Arthit အတိုင်းသား ခံစားမိလေသည်။

"သားက အနောက်ခြံကို ဘာကိစ္စနဲ့သွားမှာတုန်း"

ကြီးကြီး Pang က လက်မောင်းလေးကို ကိုင်ကာ မေးလာသည်မို့ Arthit က မျက်နှာငယ်လေးနဲ့ ဖြေလိုက်သည်။

"Kong များရှိနေမလားလို့ပါ"

"သား သိတယ်မလား~~ Kong ထွက်သွားတာ မရောက်
သေးဘူးလေ"

Arthit ခေါင်းလေးသာ ညိမ့်ပြလိုက်သည်။သို့သော် သူ
သွားရှာရမည်။ Kong သည် သူ့နားကပ်သည့်ကလေး
ဖြစ်၍ သူ့ကိုခွဲခွာကာ အဝေးကို ထွက်သွားလိမ့်မည်မဟုတ်
ပြောလဲ မရမယ့် ပုံစံကြောင့် Arthit ကို ကြီးကြီး Pang
က အနွေးထည်လေး ပြန်ဝတ်ဖို့ ပြောလိုက်သည်။

"ကြီးကြီး Pang~~Mae ကို မပြောပါနဲ့နော် ကျွန်တော်
အိပ်နေပြီလို့ပဲ ပြောပေးပါ"

ကြီးကြီးက ခေါင်းလေးညိမ့်ပြလိုက်သည်မို့ Arthit က အပေါ်ထပ်တက်ကာ အနွေးထည်ပြန်လာယူလိုက်သည်။
Kong ရှိနေလိမ့်မည် သို့မဟုတ် Kong အငွေ့အသက်များ
ရှိနေလိမ့်မည်။ထိုနေရာလေးမှာပေါ့~~~~~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Tahanan ng mga kuwento. Tumuklas ngayon