Unicode ver.23

524 53 1
                                    

Episode 23

Arthit က အခန်းဝက တံခါးလေးဖွင့်အလာကို စောင့်
ကြည့်နေမိသည်။ဒီနေ့များ Kong ရောက်လာရင် သိပ်
ကောင်းမှာပဲ။မဝင်ခင် သူ့ကို မျက်နှာလေးဖြစ်ဖြစ်မြင်
သွားချင်တယ်။အကယ်၍ ခွဲစိတ်နေတုန်း အသက်ဆုံး
ခဲ့ရင်တောင် သူ့ကို မတွေ့လိုက်ရတဲ့စိတ်နဲ့ ဘဝမကူးချင်
မိ။ခြေထောက်လေးကို တွဲလောင်းချလိုက်ကာ ကုတင်
ပေါ်ကနေ လွှဲလှုပ်နေမိသည်။

"ဟဲ့ ကလေး!! ေဩာ် မွေးခါနီး ဖွားခါနီး ဘာတွေလုပ်နေ
တာလဲ!! မတော်လို့ ပြုတ်ကျရင် ရင်ကျိုးရချည်ရဲ့"

ကြီးကြီး Pang က ပရိတ်ကြီး ၁၁သုတ်စာအုပ်ကိုရှေ့ချ
ပြီး အင်္ဂုလိမာလသုတ်ကို လှန်လှောရှာနေသည်။

"ကြီးကြီး Pang!! "

"ဝေ~~"

"ကျွန်တော်ခွဲခန်းထဲရောက်နေတဲ့အချိန် တစ်ခုဆုတောင်း
ပေးပါ"

"ဘာကိုလဲ သား ပြောလေ"

Arthit က ခေါင်းလေးဆတ်ခနဲ ညိမ့်ပြရင်း

"ဟို!!! သားလေးကို Kong နဲ့ တူပါစေလို့"

ကြီးကြီး Pang မျက်နှာတွင် ဂရုဏာရိပ်တို့လွှမ်းကာ
သနားသော အကြည့်တို့နဲ့ကြည့်လာသဖြင့် Arthit မျက်
ရည်လေးလည်မိသည်။သို့သော ်သူမငိုမိအောင်ထိန်း၏။
ကလေးလေးက Kong လို ချောချောလေးဖြစ်နေဖို့ပါ။

ခဏနေတော့ အခန်းတွင်းကို nurse တွေရောက်လာကာ
Arthit ကို ခွဲခန်းထဲဝင်ရန် ဝှီးချဲပေါ်တင်ကြသည်။

"ကျွန်တော် လမ်းလျှောက်ဝင်သွားလို့မရဘူးလားဟင်"

"အို!! ရှင်ကတစ်မျိုး~~ဒီတိုင်းပဲ လိုက်စမ်းပါ"

Nurse က မျက်မှောင်ကျုံ့ပြောတော့မှ Arthit လဲ ဝှီးချဲ
ပေါ် အသာလေးတက်လိုက်တော့သည်။

"ကြီးကြီး Pang!! မမေ့နဲ့နော်"

လက်ညိုးလေးခါယမ်းကာ ပြောလာတော့ လက်သူကြွယ်
မှာ ဝတ်ထားသော လက်စွပ်ကို nurse က မြင်သွား၏။

"ကဲ ဒီကအကို!! ခွဲခန်းထဲကို ဝင်ရင် ကိုယ်ပေါ်က အဖိုးတန်
ပစ္စည်းတွေ အားလုံးချွတ်ခဲ့ပါ~~"

"မရှိပါဘူး ဘယ်မှာလဲ~~ကျွန်တော် ဘာမှမဝတ်ထားဘူး'

Arthit က ကြောင်အမ်းအမ်းလေးပြောလာတော့ Arthit
လက်က လက်စွပ်ကို nurse က လက်ညိုးထိုးပြရင်း~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Nơi câu chuyện tồn tại. Hãy khám phá bây giờ