Episode 16
ဂွမ်းစောင်ကို ခြုံကာကွေးသော Kongpob မျက်နှာကို
ရေနဲ့တောက်ကာ Arthit နှိုးလိုက်သည်မို့ တဆက်ဆက်
လှုပ်ကာ ထလာသည်။"ထတော့~~မနက်စာစားမယ်"
Kong က ခြေထောက်ကို ယက်ကန်ပြီး မျက်နှာထား ရှုံ့မဲ့
မဲ့နှင့်~~~~"မထဘူး~~အိပ်ဦးမယ်~~"
"Kongpob!!! ငါ ဗိုက်ဆာနေပြီ မနက်စာစားရအောင်"
"သွားစားပေါ့~~ဘယ်နှစ်ခါ ပြောရမလဲ ~~ခင်ဗျားနဲ့
ကျွန်တော် ဝမ်းချင်းမဆုံဘူးလို့~~~"Arthit က သူ့ကို အကြောင်းမဲ့နှိုးနေသည်မဟုတ်။
မနက်ပိုင်း Pa Pa တို့နဲ့အတူ မနက်စာစားစေချင်၍ သူမဆာပေမယ့်လဲ Kong ကို အမြဲနှိုးလေ့ရှိသည်။Kong
ကို နှိုးရသည်ကိုက ဝတ္တရားတစ်ခုလို ဖြစ်လာသည်မို့
Arthit က မနှိုးမချင်းနှိုးရမည်။သို့သော် အရင်နေ့တွေထက် ဒီနေ့မှ ဗိုက်ဆာနေသည်ထင်၏။"Kongpob!! ငါ ဗိုက်ဆာနေပြီ ထကွာ"
Kong က စောင်ကို ခေါင်းမူးဆွဲခြုံလိုက်ရင်း~~
"သွားပါဆိုဗျာ~~"
Arthit က မျက်ခုံးလေး တစ်ချက်ကျုံ့လိုက်မိသည်။ဒီနေ့
မှ ဗိုက်ထဲက ဆန္ဒပြနေသည်မို့ Arthit လဲ အောက်ထပ်ကို
သာ ဆင်းလာခဲ့လိုက်တော့သည်။"ကြီးကြီး Pang~~Pa Pa တို့ရော~~~"
အောက်ထပ်ကို ဆင်းလာသော Arthit က Pa Pa တို့ကို
စားပွဲမှာ အရင်နေ့တွေလို မမြင်မိ၍ မုန့်တွေပြင်နေသော
ကြီးကြီး Pang ကို မေးလိုက်သည်။ကြီးကြီး Pang က
ကော်ဖီအိုးလေးကို အလယ်ချလိုက်ပြီးမှ Arthit ကို
ကြည့်ကာ~~~~"ဘန်ကောက်ကို မနက်အစောကြီးသွားကြတယ်~~
အလုပ်ကိစ္စမှာ ပြဿနာနည်းနည်းရှိနေလို့~~~"နှစ်ယောက်လုံး သွားပုံထောက်ရင် အရမ်းအရေးကြီး
နေမှာပဲလို့ Arthit တွေးမိပြီး~~~~"အခြေအနေ ဘယ်လိုရှိလို့လဲ~~ကြီးကြီး"
"အရမ်းကြီးမဆိုးပေမယ့် မန်နေဂျာက ငွေတွေအလွဲသုံး
စားလုပ်နေတယ် သတင်းကြားလို့ ဥက္ကဌရော ဒုဥက္ကဌပါ
သွားကြတာ~~~သတင်းအရင်ရလို့ အမြန်ဆုံးသွားကြ
တာ သားတို့ကို ပြောဖို့ သတိမရလိုက်ကြတာထင်တယ်"
YOU ARE READING
သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)
Fanfictionခေတ်အဆက်ဆက်ရဲ့ယဉ်ကျေးမှုက တစ်ဦးအပေါ်ထားတဲ့တစ်ဦးရဲ့ချစ်ခြင်းမေတ္တာဖြစ်မယ်ဆိုရင် ငါ့ခေတ်ရဲ့ယဉ်ကျေးမှုက မင်းအပေါ်ထားတဲ့ အနိုင်ယူလိုစိတ် တွေပဲ ဖြစ်စေရမယ်