Unicode ver.28

738 45 0
                                    

Episode 28

ဧည့်ခန်းထဲမှာ အားလုံး မျက်နှာစုံညီထိုင်နေကြသည်။
Vong ကတော့ အားလုုံးကို လိုက်ကြည့်မနေဘဲ Kong ကို
သာ ကြည့်နေမိသည်။ခွဲနေရသော နှစ်တွေက မနည်းမနော
ရှိသွားပြီမို့ နောက်ဆုံးတွေ့ခဲ့ရတုန်းက ပုံစံတက် လူကြီး
ပိုဆန်လာပြီး တည်ငြိမ်ရင့်ကျက်လာသည်ဟု ခံစားမိ
သည်။Kong ဘေးမှာတော့ N'Arthitကို တွေ့ရသည်။ သူ့ကိုအကြည့်လွှဲနေသောN'Arthit.....။

" Minne က မရှှိဘူး~~ကျောင်းသွားနေတယ် သမီး'

Gray က တိတ်ဆိတ်သော စကားဝိုင်းကို ဖြိုခွင်းလိုက်
သည်။ ကလေးကို မမြင်ဖူးဆိုပြီးလာသူကြောင့် ကလေးမ
ရှိသေးကြောင်းကိုသာ စကားအနေနဲ့စကာပြောလိုက်မိ
သည်၊

"ဟုတ်ကဲ့!! ရပါတယ်~~ကျွန်မ ဒီမှာနေပြီး  ကလေးကို
စောင့်လို့ရတယ်မလား~~"

ကလေးကို ခုတုံးလုပ်ပြောနေပေမယ့် သူ့မျက်လုံးတို့က
Kong ထံမှ ရွေ့ပင်မရွေ့။

"ရပါတယ် ~~ "

Gray စကားမဆုံးသေးသော်လည်း Joy က ဝင်မေး
လိုက်သည်။

"နေဦး~~ မင်း ဒီမှာ ဘယ်လောက်ကြာကြာနေဖို့ စိတ်
ကူးထားလဲ~~'

Vong သည် ခဏတော့ ဒဲ့ဒိုးမေးခွန်းကို မဖြေနိုင် ရှိသွား
၏။

"ေဩာ်!! ဟို~~ ၁ပတ်လောက်ပါ~~ ကလေးနဲ့ ရင်းနှီး
ချင်လို့လေ~~ခဏပဲ နေပြီး ပြန်မှာပါ~~"

"အစကတော့ မွေးလို့မွေးထားမှန်းတောင် သိကြရဲ့လား
မသိဘူး~~ ခုမှ ကလေးနဲ့ ရင်းနှီးချင်တယ်ဆိုပြီး လာတာ
ကတော့ ဟွန့် အမှန်အတိုင်းပြောရရင် သဘောမတွေ့ဘူး"

စကားစစ်ထိုးနေသော Joy လက်ကို Grayက ကောက်ခနဲ
ဆွဲပြီး~~~

"သွားမယ်~~"

"မသွားဘူး နေဦးမယ်~~"

"သူတို့ကိစ္စပါကွာ~~ လာပါ Joy ရာ~~"

ဒီလိုကျတော့လဲ မှန်ပြနိသည်။ ကိုယ့်မှာက ထင်သလောက်
စွပ်ဖက်ပိုင်ခွင့်ရှိသည်မဟုတ်မို့။ Pa Pa တို့ ထွက်သွား
တော့ Vong ကို Kong က အေးစက်စက်ကြည့်ရင်း...

"တကယ့်ကိစ္စက ကလေးကို တွေ့ချင်တာပဲလား"

Vong အဖြေမပေးနိုင်မိ။တကယ်ဆို မမြင်ဖူးသော ကလေးအတွက် ဘယ်လိုသံယောဇဉ်မျိုးမှ တွယ်ဖို့စိတ်
မကူးမိသူမို့ပါ။သို့သော် ကလေးကိုသာ ကြားခံထားလိုက်
မိသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now