Unicode ver.25

657 57 1
                                    

Episode 25

နေ့လည် ၁၂ခွဲလို့ Arthit က Minne ကို ကျောင်းက
ပြန်ကြိုလာသည်အထိ Kong ရောက်မလာသေး။
အားလုံးကလဲ Kong ကို စိုးရိမ်ကြီးစွာ စောင့်နေကြ
သည်။Arthit က Minne နဲ့အတူ အခန်းထဲ ဝင်လာပြီး
ပြတင်းပေါက်ကနေ အပြင်လောကကို  တစ်ချက် ကြည့်လိုက်သည်။

"မိုးတွေက မှောင်နေတာပဲ ~~ တစ်နေရာရာမှာ မိုးသည်း
နေတယ်ထင်တယ်!! "

"Pa Pa သားခေါင်းအုံးက ဟိုဘက်ကုတင်ကို ရောက်
သွားတာရဲ ဟင်"

အခန်းထဲ ဝင်ဝင်လာချင်း ကလေးက မေးသောကြောင့်
Arthit ကလဲ အကျပ်ရိုက်စွာ ~~

"Pa Pa Kong က သူတစ်ယောက်တည်း ကုတင်ကြီး
ပြည့်အောင် အိပ်တာ!! အဲလိုဆို Pa Pa သားလေး
ပိသွားမှာစိုးလို့ပါ "

"သားတောင် မကြမ်းဘူး!! Pa Pa Kong က ကြမ်းတယ်
ပေါ့!! အင်းလေ သူက ဘီလူးဆိုတော့ ကြမ်းမှာပေါ့ရို့"

ကလေးအပြောလေးကြောင့် Arthit က နှုတ်ခမ်းစွန်း
လေးကွေးမိရုံ ပြုံးလိုက်သည်။ကလေးကို Kong သဘော
မကျ လက်စားချေတိုက်ခိုက်ရန် မွေးခိုင်းထားသည်ကို သိ
သဖြင့် Kong အနားမှာ မျက်စိနောက်အောင် Minne
ကို နေခွင့်မပြု။အခုထဲက တစ်ခန်းထဲမှာ ကုတင်လေးခွဲ
ကာ သူတို့ နှစ်ယောက်ခွဲလိုက်သည်။ တခြားအခန်းပြောင်း
နေဖို့ကလဲ ကြီးကြီးတို့ တားမည်ကိုကြိုသိ၍ လုပ်မနေ
တော့။Minne ကိုတော့ Kong မကြည်ဖြူရင် အနားကိုပင် မကပ်နိုင်အောင် Arthit ထိန်းမည်ဟု တွေး
မိသည်။ဘာလို့လဲဆိုတော့ Minne Suthilak (မင်နဲ ဆွတ်သီလပ်ခ်) ဆိုတာ သူ့ဘဝသစ်ရဲ့ မရှိမဖြစ်လိုအပ်
သော နှလုံးသားလေးလေ~~

ခဏနေ သားအဖတွေ အောက်တစ်ခေါက်ဆင်းလာကြ
တော့ ကြီးကြီးက အပေါ်ထပ်ကို တက်ဟန်ပြင်နေသည်။
သူ့ကိုတွေ့တော့မှ ခြေလှမ်းကိုရုတ်လိုက်ပြီး~~

"သားရေ~~လူလေးရောက်နေပြီ"

Arthit ဘာစကားမှ မဆိုမိ။ကြီးကြီးက လာ ဟု လက်ယက်ခေါ်နေရာက်ုသာ တစ်ချက်ကြည့်လိုက်မိသည်။
အဝေးကနေ ဆိုဖာပေါ်မှာထိုင်ကာ စကားပြောနေသော
Kong ကို တွေ့နေရသည်။သံလွင်ဆီရောင် တပြောင်ပြောင်ဖြစ်နေသော ဆံပင်နက်နက်ကို ဘေးခွဲ
ထားသည်မို့ အရင်ထက် တည်ငြိမ်သူအသွင်ဆောင်သည်။
နက်ပြာရောင်စတစ်ကော်လံကို ဝတ်ထားသည်မို့
အရင်တွေ့နေကျ ဆွယ်တာသခင် Kong နဲ့မတူ။ တမူ
ထူးခြားနေ၏။အရင်ထက် တည်သော မျက်နှာလေး
ကြောင့် ပို၍လူကြီးဆန်နေသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now