Unicode ver.9

465 51 1
                                    

Episode 9

မနက်မိုးလင်းနေပြီဖြစ်ကြောင်း ဖွင့်ထားသော ပြတင်း
ပေါက်တွေကနေ တစ်ဆင့် ငှက်ကလေးတွေ တေးသီသံများက ပြောပြနေသည်။နေရောင်ပျော့ပျော့
လေးကိုလဲ လိုက်ကာဖြူဖြူလေးတွေကြားကနေ
မြင်ရတစ်ချက် မမြင်ရတစ်ချက် ခံစားမိနေသည်။ Kong
က တစ်ဝက်ဖွင့်လက်စ မျက်လုံးတွေကို ကျုံးယုံးပိတ်
ပစ်ကာ~~~

"စောစောစီးစီး လူအိပ်ချိန်ကို ဘာလို့ တံခါးတွေ လိုက်ကာတွေ ဖွင့်ထားတာတုန်းကွာ~~ကြီးကြီး Pang"

မျက်လုံးကို မဖွင့်ဘဲ အော်ခေါ်နေသော Kong အနား
သို့ မည်သူမျှ ရောက်မလာ။ထို့ကြောင့် Kong က သူ့ဘာ
သာသူပဲ မျက်လုံးလေး ဖွင့်ကာ ဘေးဘီဝဲယာကြည့်မိ
သည်။

"ခင်ဗျား~~ခင်ဗျားဗျာ~~ ဒီမှာ ရှိနေရက်နဲ့ ဘာလို့ အသံ
မပေးတာလဲ~~"

"မင်းခေါ်တာ ကြီးကြီး Pang ကိုလေ~~ငါ့ကိုမှ မဟုတ်တာ"

"ဘာပဲဖြစ်ဖြစ်ဗျာ~~အဲလိုက်ကာတွေ ပြန်ပိတ်ပေးစမ်းပါ"

Kong က လက်ညှိုးလေးနဲ့ ပိတ်ဆိုသော သဘောပြလာ
သဖြင့် Arthit က ဝှီးချဲလေးကို လိုက်ကာနဲ့ဝေးရာ စားပွဲ
ခုံဘက်ကို တွန်းသွားမိသည်။ထိုအဖြစ်ကို ငေးမောကာသာ
ကြည့်နေမိသော Kong ထံသို့ စားပွဲပေါ်က စားပွဲတင်
နာရီခပ်သေးသေးလေးနဲ့ ပစ်ပေါက်လိုက်သည်။ထိစေလို
သော ရည်ရွယ်ချက်ကြောင့် မဟုတ်သဖြင့် စောင်ပေါ်ကို
သာ ကျသွားသော နာရီလေးကို Kong က ကြည့်ပြီး
Arthit ကို ပြန်ကြည့်လိုက်သည်။Arthit ကလဲ နာရီဆီ
ကို မေးငေါ့ပြကာ~~~

"ဘယ်အချိန်ရှိပြီလဲ~~~"

"ဟာဗျာ~~ခုမှ ရှစ်နာရီပဲ ရှိသေးတာကို~~ဒါ လူအိပ်
ချိန်ဗျ~~နှစ်နာရီလောက်မှ လိုက်ကာဖွင့်~~"

"ဒီမှာ~~ဒီအချိန်က လူအိပ်ချိန်ဆိုလဲ လူပျင်းတွေအိပ်
ချိန်ပဲဖြစ်မှာ~~ယောက်ျားကောင်းတစ်ယောက်က တစ်နေ့တစ်နေ့ နေဖင်ထိုးအောင် မအိပ်တတ်ဘူး။ယောက်ျားပျင်းကျောခင်းတဲ့ မင်းကြား
ဖူးလား~~"

Arthit ရဲ့အပြောကြောင့် Kong က ဆံပင်ဖြူလွလွလေတွေကို တစ်ချက်ဖွရင်း~~~

"မသိဘူး~~ကြားလဲမကြားဖူးဘူး~~ဘယ်သူမှလဲ
ခင်ဗျားလို မပြောဘူး~~ရှင်းလား~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now