Unicode ver.15

562 58 1
                                    

Episode 15

Arthit က အိပ်ရာပေါ်က ခေါင်းအုံးတွေကို လှန်လှောနေ
ကာ တစ်ခုခုရှာပုံကို Kong က အခန်းထဲဝင်လာတော့
တွေ့လိုက်ရသည်။အပေါ်တစ်ပိုင်းကလဲ စွပ်ကျယ်ပါးပါး
လေးတစ်ထည်သာစွပ်ထားပြီး အောက်က ဂွမ်းဘောင်း
ဘီ အဝါရောင်လေးဝတ်ထားသော Arthit က အခန်းမီး
ရောင်အောက်မှာကို အတော်ဆွဲဆောင်မှုရှိလှသည်။ထို့
နောက် Arthit က စားပွဲအံဆွဲတွေဖွင့်လိုက် ရေချိုးခန်း
ထဲက ဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေသည်မို့ Kong က

"ဘာတွေ ဒီလောက် အသည်းအသန်ရှာနေတာလဲ"

ဒီလိုမေးသော်လည်း Arthit က တစ်ချက်လေးမျှပြန်
မကြည့်။သို့သော်အဖြေတော့ ပေး၏။

"ဆွဲကြိုး ~~ ဆွဲကြိုးပျောက်သွားလို့"

"ဟို ခင်ဗျား အမြဲဝတ်ထားတဲ့ လက်သုံးချောင်းပုံလော့ကတ်နဲ့ ဆွဲကြိုးလား"

Arthit က ဟူးခနဲ သက်ပြင်းပြတ်ပြတ်ချလိုက်ရင်း~~

"ကျူးလစ်ဖူးကွ~~လက်သုံးချောင်းမဟုတ်ဘူး~~မသိ
ရင်လဲ မပြောပါနဲ့လား~~~"

"မသိဘူးလေဗျာ~~ကိုယ်ထင်တာတောင် ကိုယ်ပြောခွင့်
မရှိတော့ဘုးလား~~~"

Arthit ဆီက တုံ့ပြန်မှု မရှိ။Kong က ကြိမ်ကုလားထိုင်
လေးမှာ မှီထိုင်ရင်း~~~

"ဒီည အရမ်းအေးတယ်နော်~~ချင်းမိုင်မှာ~~"

"အင်း~~~"

သူ့ကို ဂရုမစိုက်ဘဲ သည်းကြီးမဲကြီး ဆွဲကြိုးရှာနေသော
Arthit ကိုကြည့်ရင်း ဗီရိုကို ဆွဲဖွင့်လိုက်သည်။ထို့နောက်
အုတ်ခဲကျိုးရောင် ဆွယ်တာလေးကို ထုတ်ကာ
Arthit ပေါ်သို့ ထပ်ပေးလိုက်သဖြင့် Arthit ကလဲ
နောက်ပါးဆီက Kong ကို လှည့်ကြည့်မိသည်။

"ချင်းမိုင်မှာ အေးတယ်လို့ ပြောတာ အကြောင်းမဲ့မဟုတ်ဘူး~~~ခင်ဗျားကို  နွေးနွေးထွေးထွေးနေဖို့ပြောနေတာ~~"

အနွေးထည်ကို သေချာဝတ်ပေးလာသော Kong ကို
Arthit စိုက်ကြည့်ရင်း ပါးလေးများရဲတက်လာသည်။
ဒီနေ့ Arthit ဆီကနေ သူအရမ်းတောင့်တနေသော ရနံ့
သင်းသင်းလေး ရနေသလိုလို။

"ခင်ဗျားနဲ့ တစ်နေရာ သွားစရာရှိတယ်~~လိုက်ခဲ့"

"ဘယ်လဲ~~ကလပ်လား~~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now