Unicode ver.26

717 45 4
                                    

Episode 26

Arthit က အမေဖြစ်သူဆီ Video call ခေါ်လိုက်သည်။
အရင်တစ်ပတ်က စကားနောက်ဆုံးပြောဖြစ်ခဲ့ပြီး ဒီတစ်
ပတ်အတွက်တော့ အခုမှ ခေါ်မိသည်မို့ Mae အနေနဲ့
စိတ်များပူနေမလား။ ပုံမှန်ဆို ကြာသပတေးနေ့တိုင်း
ခေါ်ပေမယ့် ဒီတစ်ခေါက် တနင်္ဂနွေမှ ခေါ်မိခြင်းအပေါ်
Arthit အတွေးလွန်နေမိသည်။

"Hello krup Mae~~"

ဖုန်းကိုင်သည်နှင့် Arthit က ဦးစွာ နှုတ်ဆက်လိုက်သည်။

"သားလေး!! Mae တောင်မျှော်နေတာ~~ငါ့သားကို
မတွေ့ရသေးလို့~~"

"ဟုတ်တယ်!! Mae ~~ကျွန်တော် အလုပ်လေးနည်းနည်း
ရှုပ်နေလို့~~အမေ့မြေး Minne ကလဲ ပန်းချီပြိုင်ပွဲဝင်
မယ်ဆိုတာနဲ့ သူနဲ့ပုံတွေကူဆွဲနေရလို့ပါ~~"

Anong က ရုတ်တရက် ပြုံးလိုက်ပြီး မြေးလေးအကြောင်း သဘောတကျနားထောင်နေသည်။

"ပူတူးလေး ရော~~~"

Minne ကို အဘိုးအဘွားတွေက Minne လို့ ခေါ်တာရှား
လှသည်။ ချစ်စနိုးနဲ့ ပူးတူး ပူတူးလေး စသဖြင့်သာ
နာမည်မျိုးစုံခေါ်နေကြခြင်းဖြစ်သည်။

"ရှိတယ် Mae~~အောက်ထပ်မှာ Kimitie နဲ့ သွားဆော့
နေမှာပေါ့~~"

ဘယ်ကနေ ရောက်လာမှန်း မသိသော်လည်း ကြင်နာ
တတ်သော Arthit က မွေးယူထားသည့်ကြောင်လေး။
Minne တစ်နှစ်အရွယ်လောက်မှာ ဆုံဆည်းသော
ထိုကြောင်ကလေးကလဲ အိမ်ရဲ့ အချစ်တော်လိုပင်။
ဖြူဆွတ်ဆွတ်အမွေးများနဲ့ ထောင်မတ်နေသော မျက်လုံး
များ ၊ နောက်ပြီး တုတ်တုတ်ကစ်ကစ်ကိုယ်လုံးကြီးတို့
က သာမာန်ကြောင်အမျိုးအစားမဟုတ်ကြောင်း သက်
သေပြနေလေသည်။

ထိုစဉ် Minne တစ်ယောက် အခန်းထဲကို ပြေးဝင်လာပြီး
သူ့ခါးလေးကို လာဖက်သဖြင့် Arthit က ခေါင်းလေး
ကို ဖွဖွလေးနမ်းရှိုက်လိုက်သည်။

"ဘွား~~ နေကောင်းရား!! "

"ကောင်းတယ် ပူတူးလေးရော~~"

လှုပ်ကာ ပြောနေသည်မို့ Arthit က Minne လက်မောင်း
လေးကို ဆုပ်ကိုင်ကာ မတ်တပ်ကို ငြိမ်ငြိမ်ရပ်စေလိုက်
သည်။

"ကောင်း ...... ဒယ်  ဟီးဟီး"

ဖြူဖွေးနေသော သွားသေးသေးလေးတွေကို ပေါ်အောင်
ရယ်ပြနေသည့်ပုံက Arthit လေး ငယ်ငယ်ကအလား။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now