Unicode ver.7

531 50 4
                                    

Episode 7

အဖြူဆွတ်ဆွတ် ဆွယ်တာဂျိုင်းပြတ်လေးကို အဖြူရောင်
လက်ရှည်အပေါ်မှာ ထပ်ကာ ဝတ်ဆင်ထားသော
Kong အဖို့က ကားအကြာကြီးမောင်းထားတာတောင်မှ ခန့်ညားသန့်ရှင်းနေသည်။အဝါဘက်သန်း
သော ဆံပင်ဖြူဖြူလွလွလေးတွေက မနက်ခင်းလေပြေ
ကြားမှာ ပုံမပျက်ဘဲကျနနေသည်။ညကတည်းက ချင်း
မိုင်က ထွက်ခွာလာခဲ့ပြီး အများ ၉နာရီနဲ့ မောင်းရတဲ့
ခရီးရှည်ကြီး ၇နာရီခွဲသာကြာအောင် မောင်းလာခဲ့
လိုက်သဖြင့် ဝေလီဝေလင်း ဘန်ကောက်မြို့ကို ရောက်
ချလာသည့်အဖြစ်။

"ဟယ်လို!!!Tay ~~ငါရောက်နေပြီ မင်းဘယ်မှာလဲ"

"အိမ်မှာ အိပ်တုန်းပေါ့ကွာ~~ခုမှ မနက်တောင် မိုးစင်စင်
မလင်းသေးဘူး~~~"

Tay က အိပ်ချင်မူးတူးအသံနဲ့ပြောလာသဖြင့် Kong က
အားမရစွာ ကျစ် ခနဲ စုပ်သတ်လိုက်မိသည်။

"ထတော့ကွာ~~ငါတို့ stalker လုပ်ရမယ်လေ~~"

"အေးဆေးပေါ့~~~ပြီးတော့ မင်း P' က ညနေပိုင်း
ကျမှ အပြင်ထွက်တတ်တာ~~~"

"ငါမစောင့်နိုင်ဘူး~~~"

Kong ရဲ့ တိုတိုပြတ်ပြတ် အသံကြောင့် Tay က ခေါင်း
ကို တစ်ချက်ကုတ်လိုက်သည်။ထိုနောက် မျက်နှာကို ခပ်
ကြမ်းကြမ်းပွတ်လိုက်ကာ~~~~

"လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေး
ရတယ် ဆိုတာ မင်းမသိဘူးလား~~"

Kong က မျက်မှောင်ကို ခပ်ကြမ်းကြမ်းကျုံ့ချလိုက်ပြီး

"ငါ စောင့်ခဲ့တဲ့အချိန်တွေကို မင်းသိသားနဲ့ကွာ~~"

"သိပါတယ်~~သိပါတယ် ~~ သိလို့ပဲ ဒီလောက်အကြာ
ကြီးစောင့်ခဲ့ပြီး အချည်းနှီးဖြစ်မှာစိုးလို့ပါကွာ~~"

Kong ရဲ့စောင့်ဆိုင်းမှုအပေါ် Tay က အသိအမှတ်ပြု
သလိုလေး ဆိုလိုက်သဖြင့် Kong က ခေါင်းကိုသာ
တစ်ချကိကုတ်ရင်း ငြိမ်နေလိုက်သည်။လွန်ခဲ့တဲ့ သုံးနှစ်
ကတည်းက Tay သာ  P'Arthit နဲ့ သူ့ကို ကံကြမ္မာဖန်တီး
စေခဲ့လျှင် အခုဆို သူတို့ကံကြမ္မာဘယ်လိုရှိနေမလဲ။Tay
အနေနဲ့ သူတို့ကို တွေ့ပေးဖို့ အချိန်မတန်သေးသည်က
တစ်ကြောင်း အကျိုးဆက်တွေကို ကြိုမြင်နေရသည်
တစ်ကြောင်းဖြစ်၍ တားနိုင်သည်အထိ တားထားမိသည်။
အခုတော့ Tay အနေနဲ့ ဆက်တားခြင်းငှာ မစွမ်းသာတော့။
အခုတောင် Tay အနေနဲ့ P'Arthit ပြန်ရောက်သည်ကို
စောစောမပြောဖြစ်ခြင်းအပေါ်  Kong အနေနဲ့ မကျေမချမ်းဖြစ်နေတုန်း။Tay က စဉ်းစားခြင်းအတွေး
တွေကို ရပ်တန့်ပြီး အိပ်ရာထဲကသာ ကုန်းရုန်းထလိုက်
တော့သည်။မထရင်လဲ မထမချင်း ဖုန်းဆက်ပြီး နှိုးနေမည့်
အဖြစ်ကို မြင်ယောင်၍ Tay က ခပ်သွက်သွက်သာ ရေချိုး
ခန်းထဲ ဝင်လာခဲ့လိုက်တော့သည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now