Unicode ver.24

630 47 0
                                    

Episode 24

Kong ရဲ့ luggage ကို Nilen က ကောက်ယူလိုက်ပြီး
အိမ်ပေါ်ထပ်တက်ရန်ပြင်လိုက်စဉ် ~~~

"နေဦး ~~ Nilen~~~ ငါ အထုပ်တွေကို ဘယ်မှ မရွေ့နဲ့"

Nilen က luggage လေးကို ကိုင်ထားပြီးရပ်နေသည်မို့
Kong က Chalat ကိုပြန်ကြည့်ကာ စကားဆိုလိုက်သည်။

"အကို Chalat~~ အားလုံး အစစ အရာရာ အရင်လို စိတ်
ချမယ်နော်~~~"

"အေးပါ ညီလေးရာ!! မင်းသာ ကားဖြေးဖြေးမောင်း~~
တွေ့ချင်ဇောပြင်းနေလို့ တခြားအရာတွေ အာရုံမကျ
ဘဲ နေဦးမယ်"

Chalat က ပခုံးလေး ပုတ်ကာ ပြောလာသည်မို့ Kong
သဘောတကျပြုံးလိုက်မိသည်။Kong ကို ကားဖြေးဖြေး
မောင်းခိုင်းမှပဲ တစ်ချိန်က ကားမောင်းကြမ်းခဲ့သော Kongpob Suthilak ကို သတိရမိသည်။ယခုအချိန်တွင်
တော့ အချိန်ကာလအားဖြင့်ရော အခြေအနေတွေကပါ
ပြောင်းလဲခဲ့လေပြီ။Vong နားက ခွာချင်၍ US  မှာလုပ်ငန်းတွေတိုးချဲ့မယ်လို့ အထွကိပြခဲ့ရင်း တကယ်ကို
လုပ်ငန်းတွင် စိတ်ဝင်တစားရှိလာခဲ့သည်။Arthit ကို သတိ
ရလေတိုင်း အလုပ်ကိုသာ ဖိလုပ်သဖြင့် Pa Pa တို့ ကိုင်
ထားသော ဆိုင်တွေထက် Kong ကိုင်ထားသော ဆိုင်ရဲ့ရောင်းအားက ပိုမြင့်ခဲ့ရသည်။Kong  သည် ဘေးကိုအတွေးမရောက်ဘဲ အလုပ်ထဲမှာသာ စိတ်ကိုနှစ်
ထားသည်မို့ ပိုလို့ပင် တည်ငြိမ်ရင့်ကျက်လာသည်ဟု မိမိကိုယ်ကို ထင်လိုက်မိသည်။

"အကိုကတော့ နောက်ပြီ!!! "

Chalat ရဲ့ အကူအညီနဲ့ ဘန်ကောက်ဆိုင်ကနေ US 
ဆီသို့ ခြေဦးလှည့်နိုင်ခဲ့ခြင်းသာ။Chalat သည်လဲ မန်နေဂျာကောင်းပီသစွာရော မိတ်ဆွေအကိုအနေနဲ့ပါ
သူ့ကို အကြံကောင်း ပေးတတ်သူမို့ Kong လေးစား
မိသည်။

Chalat ထွက်သွားတော့ Kong က Gray ဆီဖုန်းတစ်
ချက်ဆက်လိုက်သည်။Pa Pa Joy ဆီကို မဆက်ဖြစ်တာ
လဲ လေးနှစ်တောင် ရှိခဲ့ရောပေါ့။ သူ US သွားမယ့်နေ့က
လဲ Pa Pa Gray သာလိုက်ပို့သည်။Pa Pa Joy ကတော့
ရောက်မလာ။ထို့နောက် သူဖုန်းဆက်ပြန်တော့လဲ~~

"မင်းက ငါ့သားမဟုတ်တော့ဘူး~~ငါ့ကို Pa Pa လို့လဲ
ခေါ်စရာမလိုဘူး" တဲ့လေ။

တကယ်တော့ Pa Pa တို့ပဲ နာကျင်ရတာမဟုတ်ပါဘူး။
ကျွန်တော်လဲ ကိုယ့်ခံစားချကိတွေနဲ့ကို နာကျင်နေရသူ
ပါ။Pa Pa တို့အပေါ်လဲ Kong က ထင်သလောက် မရိုင်း
တော့သည်ကိုလဲ ကိုယ့်ကိုကိုယ် သတိထားမိသည်။ဒါတွေ
ဟာ သူ့နားမှာ စိတ်ရှည်စွာ နေပေးပြီး သူ့ကို ဂရုစိုက်ပေး
တဲ့ P'Arthit  ကြောင့်လို့သာ သူထင်မိသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now