Unicode ver.13

528 57 0
                                    

Episode 13

ကားပေါ်က ဆင်းသည်နှင့် Arthit က အိမ်ပြန်ပေါ်ထပ်ကို
ပြေးတက်သွားသည်မို့ အိမ်သားအားလုံးက ဧည့်ခန်းထဲ
ကနေ မတ်တပ်ရပ်သား အပေါ်ကို နားစွင့်ကြည့်လိုက်မိကြ
သည်။ထို့နောက် ကားကို ပေါ်တီခုံ အောက်မှာသာ ရပ်ခဲ့
ပြီး အပြေးတစ်ပိုင်း ဝင်သွားသော သားကို ကြည့်လိုက်
ကြသည်။Gray က လုပ်လက်စ စာရင်းစာအုပ်ကို ချကာ
Joy ကို ကြည့်ရင်း~~~

"ဘာဖြစ်ကြတာလဲ မသိဘူး"

"ဘယ်သိမလဲ~~P' သားက Arthit ကို ကလပ်ခေါ်သွား
ပြီး ဘယ်လိုပြဿနာတွေ ရှာပြလိုက်လဲ မှ မသိတာ~~
နေဦး ကျွန်တော် သွားကြည့်ဦးမယ်'

"မသွားပါနဲ့~~ကလေးတွေ သူတို့ကိစ္စ သူတို့ရှင်းပါစေ
ကွာ~~ အချိန်ပေးလိုက်ပါ~~ကိုယ်တို့ ဝင်ရှငိးပေးတာ
ထက် ကာယကံရှင်တွေ ရှင်းကြတာ ကောင်းပါတယ်"

ထွက်သွားမယ်ကြံနေသည့် Joy ကို Gray က လက်ကို
ဖမ်းဆွဲထားလိုက်သည်။နေပါစေ ဆိုသော စကားကို
အကြည့်တို့နဲ့ ပြောနေသဖြင့် Joy သက်ပြင်းချကာသာ
အပေါ်ထပ်က အသံတွေကို နားစွင့်နေလိုက်သည်။

~~~~~~

"မသွားနဲ့လို့ ပြောနေတယ်လေ"

"သွားမှာပဲ~~ငါ့ကို တန်ဖိုးဖြတ်တဲ့လူနားမှာ မနေနိုင်ဘူး
သွားမယ်"

Luggage ထဲကို ဗီရိုထဲက  သူ့အဝတ်များဆွဲယူထည့်
နေသည်မို့ Kong က ရပ်တန့်စေရန် လက်ကို ဆွဲကိုင်
လိုက်သည်။သို့သော် Arthit က ခါချကာ ဆက်လုပ်သည်။
အဝတ်တွေ ထည့်ပြီးသွားသောအခါ ရေချိုးခန်းထဲက
ပစ္စည်းများ သွားယူသည်မို့ Kong က အခန်းတံခါးကို
ပိတ်လိုက်ကာ အခန်းဝမှာ ပိတ်ရပ်နေလိုက်သည်။ Arthit
ပြန်ထွက်လာချိန်မှာ Kong ပုံစံမြင်တော့ Facial Foam
ဘူးလေးတွေကို စားပွဲပေါ် ချလိုက်ရင်း Kong ကိုယ်
ကို ဆွဲဖယ်သည်။

"ဖယ်!!! မယုတ်မာနဲ့~~~"

"လုပ်သင့်ရင် လုပ်ရမှာပဲ~~~တောင်းပန်ပြီးပြီမလား~~
ကျေနပ်ရောပေါ့~~~"

"တောင်းပန်တိုင်း ကျေနပ်ပေးရအောင် မင်းငါ့အပေါ် လုပ်ခဲ့တဲ့ကိစ္စကို ပြန်စဉ်းစားလေ~~လုံးဝမနေနိုင်ဘူး
သွားမယ် Mae ဆီပြန်မယ်"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now