Unicode ver.5

515 46 0
                                    

Episode 5

Keukenhof (ကရူးကန်ဟဖ် ) ဆိုသော အင်္ဂလိပ်စာလုံး
ရောင်စုံများဖြင့်ရေးထိုးထားသော ဂိတ်ဝကို Arthit
က မော့ကာ ကြည့်လိုက်သည်။လေအဝေ့မှာတောင် ဥယျာဉ်ထဲက ၇ ဘီလီယံချီသော ကျူးလစ်ပန်းများရဲ့ မွှေးရနံ့ကို ဂိတ်ဝကနေ ခံစားမွှေးရှိုက်ရပါသည်။နွေရာသီ
ဖြစ်သော မတ်လကနေ မေလအတွင်းမှာ အားကုန် ပွင့်လန်းကြသော ကျူးလစ်တွေကို ဂုဏ်ပြုသောအားဖြင့်
မေလလယ်လောက်မှာ keukenhof tulip ပွဲတော်ကို
ခမ်းခမ်းနားနား ကျင်းပလေ့ရှိသည်။ Keukenhof ဥယျာဉ်ထဲမှာ အရောင်တူကျူးလစ်များ အတန်းလိုက် အစုလိုက်စိုက်ပျိုးပုံဖော်ထားပြီး ပေါင်းစပ်
ကြည့်လိုက်ရတဲ့အခါ အရောင်အသွေးစုံသော လှပတဲ့
ကျူးလစ်ဥယျာဉ်ကြီး တစ်ခုဖြစ်လာတော့သည်။ ဥရောပ ပန်းခင်းဟု အမည်တွင်သော ဤ နယ်သာလန်နိုင်ငံ
ရဲ့အထင်ရှားဆုံးသော ကျူးလစ်ပန်းမျိုးစိတ်များ ပြသ
ရာ ပန်းနန်းတော်ကြီးပင်ဖြစ်လေသည်။ရေကန်ခပ်ငယ်
ငယ်လေးတွေ ဟိုဟိုသည်သည်မှာ ရှိနေသည်မို့လည်း
ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေအေးတို့က
ကျန်းမာရေးနဲ့ ညီညွတ်လှသည်။ကျူးလစ်ပန်းခင်းကို
ဖြတ်သန်းတိုက်ခတ်လာသော လေမှာလဲ ကျူးလစ်ရဲ့
ချိုမြသော ရနံ့တို့က အာရုံကို မွှေးထုံစေလှသည်။

အမှတ်တရပစ္စည်းဆိုင်ခန်းငယ်လေးများတွင်လဲ ကျူးလစ်
ပုံသော့ချိတ် ကျူးလစ်ပန်းအိုး ကျူးလစ်ရနံ့ရေမွှေး အစရှိ
သဖြင့် ရောင်းချကြသည်။ဤသို့ လှပပြီး ဘဝအမောတွေ
ကို ပြေပျောက်စေသော ကျူးလစ်ပန်းခင်းကြီးထဲကို
Arthit က တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့သည်။
လေဒဟတ်ကြီးများကလဲ ဟိုနေရာတစ်ခု သည်နေရာတစ်ခုနဲ့ လည်ပတ်နေသည်မို့ အနီးက ကျူးလစ်ရိုးညှာလေးများက အိပဲ့အိပဲ့နဲ့ ယိမ်းနွဲ့နေရှာသည်။ဤသည်ကပင် ကျူးလစ်ပန်းအလှကို
ပေါ်လွင်စေသည်။ကျူးလစ်ပန်းဆိုတာ တစ်ပွင့်တည်း
ယိမ်းနေတာထက် အစုအပေါင်းနဲ့ တညီတည်း ယိမ်းနေရင်
ပိုပြီး လှနေတတ်တာက Arthit အကြိုက်ဆုံးမြင်ကွင်း ဖြစ်
သည်။ဆင်စွယ်ရောင် long coat ထဲကို လက်လေး
ထည့်လိုက်ပြီး ခပ်ကုန်းကုန်းလေး လမ်းလျှောက်လာရင်း
သူချစ်သော ကျူးလစ်အလှများကို ခံစားလိုက်သည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now