အပိုင်း(၂)

3.8K 296 4
                                    

Episode 2

အိပ်ရာနိုးနိုးချင်းပဲ Kong က ကုတင်ဘေး ခုံပေါ်က နာရီ
ကို ကောက်ကာ ဆွဲယူကြည့်လိုက်မိသည်။နေ့လည် ၁
နာရီထိုးခါနီးနေပြီမို့က တစ်ကြောင်း ဗိုက်ကလဲ အစာစား
ဖို့ ဆန္ဒပြတောင်းဆိုနေသည်က တစ်ကြောင်း အောက်ထပ်
ကို ခပ်သုတ်သုတ် ပြေးဆင်းလာခဲ့သည်။

"ကြီးကြီး Pang~~~"

"လာဘီ~~~~(လာပြီ)"

အသံပြုလိုက်သည်နှင့် ဆွဲဆွဲငင်ငင်အဖြေကို Kong
က ကြားရမိတိုင်း မျက်ခုံးကို တွန့်နေအောင် ကွေးလိုက်
မိသည်။

"ပြောပြော~~~ဗိုက်ဆာလို့လား~~"

"ဟုတ်တယ် !!! ဆာတယ်~~ပူတင်းဖုတ်ပေး"

"ဒါဆိုလဲ လူလေးရယ်~~နေ့ခင်းကြောင်တောင်ကြီး
နိုးလာတာဆိုတော့ စိတ်ရောကိုယ်ရော မလန်းဘူးမလား
ရေလေးချိုးပြီး သန့်သန့်ရှင်းရှင်း ဝတ်လာခဲ့~~ကြီးကြီး
Pang က ပူတင်းကိုဖုတ်ရင်း စောင့်နေမယ်~~နော်"

ချဉ်စုတ်စုတ်ကိုယ်နံ့ရနေသောကြောင့် မျက်နှာချိုသွေးကာ
ရေချိုးဖို့တိုက်တွန်းသော်လည်း Kong က မလိုက်နာ။

"မရဘူး!!! အခုစားချင်တာ~~"

"အခုက ဘယ်ရဦးမလဲကွယ်~~လူလေး ညကတည်းက
ပြောထားရင်တစ်မျိုးပေါ့~~"

"ကြီးကြီး Pang~~လုပ်ပေးမှာလား~~မလုပ်ပေး
ဘူးလား~~"

ဆူဆူညံညံနဲ့ အောက်ထပ်မှာ သားတော်မောင် သောင်းကျန်းနေသံကို Joy ရော Grayပါ နားစွင့်နေလိုက်ကြသည်။။Gray ကလဲ ခရီးရောက်မဆိုက် အခန်းထဲ အဝတ်ဝင်လဲကာ ရှိသေး။သူ့အချိန်မှန်သူ နိုးလာသောKong ရဲ့အသံကြောင့် ကြယ်သီးကို ခပ်သုတ်သုတ်တပ်ရင်းသာ ဆင်းလာခဲ့သည်။

"ကြီးကြီး Pang ဘာတွေဖြစ်နေကြတာလဲ"

Kongခေါ်သလိုသာ ကြီးကြီး Pangလို့ ခေါ်ရင်း Joy က မေးလေးဆတ်ကာမေးလိုက်သည်။

"မဟုတ်ဘူး~~Khun Joy ရေ!! ပူတင်းကို အခုပဲ စားချင်တယ်ဆိုလို့ ~~ဖုတ်ပေးမယ် ရေသွားချိုးလို့ ပြောတာ မချိုးဘူးတဲ့လေ~~"

လှေကား နံရံကို ခပ်လျှောလျှောမှီကာ ဘာကိုမှ ဂရုမစိုက်
တဲ့ပုံစံနဲ့ လက်ပိုက်နေသည့် Kong ကို Gray က~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now