Unicode ver.22

490 49 1
                                    

Episode 22

"သား ဒါ မင်းကို ကူညီမယ့်အကို သူ့နာမည်က Chalat "

Kong က ပေါ့ပြက်ပြက် မျက်နှာထားနဲ့သာ ရှေ့ကိုကမ်း
ပေးလာသော Chalat ဆိုသူရဲ့လက်ကို ပြန်လည် ဆုပ်ကိုင်
လိုက်သည်။

"မင်း ဒီမှာနေစဉ်အတွင်း သူက အလုပ်နဲ့ ပတ်သက်ပြီး
နားလည်အောင်ရှင်းပြပေးလိမ့်မယ်~~ပြီးတော့ Chalat ကဘန်ကောက်ဆိုင်ရဲ့ မန်နေဂျာဆိုလဲ ဟုတ်တယ်"

Gray က သေချာ မိတ်ဆက်ပေးနေသည်မို့ Chalat က
အရေးယူကာ ပြုံးပြသော်လည်း Kong က ဘေးဘီ
ဝဲယာကို ကြည့်နေလိုက်သည်။

"Chalat ~~ရပြီကွာ!! မင်းအလုပ်ပြန်လုပ်လို့ရပြီ"

မိတ်ဆက်ပေးပြီးသည်မို့ Gray က သူ့ရုံးခန်းကနေ
Chalat ကို ပထုတ်လိုက်သည်။Chalat က ခေါင်းတစ်
ချက်ညိမ့်ကာ ထွက်သွားသည်မို့ Gray  က Kong ကို
ပြန်ကြည့်ရင်း~~

"ဒီနေ့ကစပြီး ဘန်ကောက်မှာရှိတဲ့ Universe ဆိုင်တွေကို သားကြီးကြပ်လို့ိရပြီ~~ဒါသားရုံးခန်းအဖြစ်ထားလိုက်ပါ
Pa Pa လဲ သားကိုယ်တိုင်ဦးစီးတော့မယ်ဆိုတော့ Chingmaiကနေ လာစရာ သိပ်မလိုလောက်တော့ဘူးထင်
တယ်"

Gray က စားပွဲခုံကို တစ်ဒေါက်ဒေါက် ခေါက်နေသော
Kong ကို သက်ပြင်းချကာ ကြည့်လိုက်ရင်း~~

"သား ဒီနေ့ Arthit ဆေးရုံမှာရှိနေမှာ မသွားတော့ဘူးလား"

Kong လက်ကလေးများ ရပ်တန့်သွားပြီး Pa Pa Gray
ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ဘာမှမပြောဘဲ
နေနေသည်မို့ Gray က ထပ်ပြောလိူက်သည်။

"မင်းရှိတော့ သူ့အနေနဲ့ အားရှိမှာပဲလေ~~မင်းကိုယ်တိုင်
လိုချင်ခဲ့တာ မဟုတ်ဘူးလား"

"မလိုချင်ပါဘူး~~ခံစားတတ်အောင်လို့သာ လုပ်ပေးခိုင်းတာ~~~ပြီးတော့Anong ဆိုတဲ့ မိန်းမကိုလဲ မကြည့်ချင်ဘူး~~"

Gray က သားရဲ့ နာကျည်းချက်ပြည့်နေသော ပုံစံကို
တစ်ချက်ကြည့်ကာ~~

"သား~~ ဒီကိစ္စဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်
မှန်း သိရဲ့နဲ့ Arthit ဘာလို့ လိုက်လျောပေးခဲ့လဲ သိလား"

"သိသားပဲ!! သူ့အမေအပေါ် ကျွန်တော်အငြိုးမြန်မြန်ကျေ
အောင်လေ~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now