Unicode ver.4

468 47 0
                                    

Episode 4

Pa Pa နှစ်ယောက်လုံး မအားသေးလို့ လဲမပေးနိုင်သေးတဲ့
ဟွန်းသံမမြည်သော ကားကို ကြိတ်မှိတ်မောင်းရင်းသာ
Kong က အိမ်က ထွက်လာခဲ့လိုက်သည်။အဝါရောင်
ဘက်သန်းသော ဖြူလွလွ ဆံပင်လေးများက နဖူးထက် ဝဲကျနေသည်မို့ သူ့ပုံစံအတိုင်း တစ်ချက်သပ်ခါလိုက်သည်

"ဟာ!!!"

လူသွားလမ်းတစ်နေရာအရောက်တွင် Kong က ကားကို
ထိုးရပ်လိုက်သည်။သို့သော် အကြောင်းမဲ့တော့ မဟုတ်။
လမ်းကျဉ်းဖြစ်သောကြောင့် ဘေးကိုမကျ လမ်းခလယ်
ကောင် တပ်ရပ်ထားသော ကားကြောင့် Kong ကားကို
ဘယ်လိုမှ မောင်းမရ ဖြစ်ရသည်။

"ဘာလဲကွာ!! သွားမှာဖြင့်မသွားဘူး~~~"

ဟွန်းကလဲ တီးလို့မရသည်မို့ Kong က တစ်ချက်လှမ်း
အော်လိုက်သည်။

"ဒီမှာ~~အခု ရှေ့ကနေ နည်းနည်းရွေ့ပေးလိုက်~~"

တစ်ဖက်ကလဲ ဖုန်းပြောနေရင်း နောက်ကြည့်မှန်ထဲကနေ
Kongကို တစ်ချက်လှည့်ကြည့်လိုက်သည်။မာကျောပြီး
အထက်စီးဆန်လှသော အပြောကြောင့် နေမြဲအတိုင်းသာ
ဆက်နေလိုက်သည်။ထိုအဖြစ်ကြောင့် နောက်က Kong
ရဲ့ ဒေါသတို့က ဆောင့်တိုးထွက်လာရသည်။ဘယ်အရာကို
မှ စိတ်မရှည်လှသည်မို့ တစ်ခါအော်ပြီး လျစ်လျူရှုသော
ရှေ့ကားကို ခနဲ့ပြုံးပြုံးပြလိုက်ရင်း ဂီယာကို ထိုးကာ
ဘရိတ်ကို လွှတ်ပေးလိုက်မိသည်။

"ဒုန်း!!!~~~"

ကားနောက်ကနေ ဒုန်းခနဲဆောင့်သွားသည်မို့ ရှေ့ကားက
အရှေ့ကို အနည်းငယ် တိုးရွေ့သွားသည်။ဖုန်းပြောနေသူ
ကလဲ ဖုန်းကို ကိုင်ကာ ပျာယိပျာယာထွက်လာပြီး
Kong ဆီ တစ်လှမ်းချင်း ခပ်သုတ်သုတ်လှမ်းလာ သည်။အမိုးဖွင့်ကားလေးဖြစ်လို့ တံခါးဘောင်ကို လက်ထောက်ကာ မေးပွတ်နေသော Kong ထံ ဦးတည်လာသော ထိုလူက~~~

"မင်း ဒါ ဒါ ဘာလုပ်လိုက်တာလဲ~~ကားတစ်စီးလုံးရပ်
ထားတာ~~ မမြင်ဘူးလား!!~~"

အနေအေးကာ ဝါးလက်စ ပီကေကို တမြုံ့မြုံ့ဝါးနေသော
Kong ပုံစံကြောင့် တစ်ဖက်လူက ပို၍ မကျေမချမ်း
ဖြစ်ရသည်။

"မင်းကို ပြောနေတာ မကြားဘူးလား~~"

Kong ကလဲ လိုချင်သည့်နေရာ ရောက်ပြီဖြစ်လို့ ကားတံခါးကို စောင့်တွန်းပြီး အထွက်မှာ ထိုလူခါးစောင်း
ကို ဒုတ်ခနဲ သွားစောင့်သည်။ထို့ကြောင့်  အ ခနဲအော်ပြီး
ဒေါသ တရှူးရှူးနဲ့ နောက်ဆုတ်လိုက်သော ထိုလူရှေ့
Kong က မတ်တပ်ရပ်လိုက်ပြီး~~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now