Unicode ver.3

592 52 2
                                    

Episode 3

လမ်းသွယ်လေးထဲကို ချိုးကွေ့ရန် စက်ဘီးလက်ကိုင်လေး
ကို သူလှည့်ချလိုက်ချိန်မှာ ခြင်းထဲမှာ ထည့်ထားတဲ့ ဘူးလေးက တစ်ဘက်ကို စောင်းကျသွားသည်မို့ ဘယ်လက်လေးနဲ့ အသာထိန်းကိုင်လိုက်သည်။လုံးချင်း အိမ်ငယ်တိုက်ပုလေးတွေသာ စီတန်းနေသော လမ်းသွယ်လေးထဲက ထပ်ခိုးကျဉ်းကျဉ်းလေးပါသော
အဖြူရောင် လုံးချင်းအိမ်လေးရှေ့မှာ စက်ဘီးကို ထိုး
ရပ်လိုက်ပြီး ဒေါက်ထောက်လိုက်သည်။ အိမ်ရှေ့တွင်
အရွယ်စုံ အိုးတွေနဲ့ စိုက်ထားသော ကျူးလစ်ပန်းရောင်စုံ
က လေပြေအဝေ့မှာ ညီညီညာညာ လှုပ်ရှားယိမ်းနွဲ့နေ
သည်ကို သူက တစ်ချက်ကြည့်ကာ ပြုံး၍ ရယ်မိသည်။

"မင်းတို့တောင် အရွယ်ရောက်လာပြီပဲ~~~"

ိထိုင်ချလိုက်ပြီး အနီးဆုံးအိုးထဲက ဖြူလွလွ ကျူးလစ်ဖူးလေးကို လက်ညှိုးနဲ့တို့ကာ ပြောလိုက်ပြီး
အိမ်တံခါးလေးကို တွန်းကာ ဝင်လာခဲ့လိုက်သည်။

"ဟေး ဂွီယာအာဗန်(မင်္ဂလညနံနက်ခင်းပါကွယ်)~~"

"အာဗန် (နံနက်ခင်းပါဗျာ)~~Auty Emma~~"

လှေကားပေါ်ကဆင်းကာ နှုတ်ဆက်လာသော အန်တီ Emma ကို ပြန်လည်ကာ အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။

"Arthit~~ကျူးလစ်ဥတွေထပ်ဝယ်လာပြန်တာလား"

ဧည့်ခန်းဆီက စားပွဲပေါ်ကို ဘူးလေးတင်လိုက်ချိန် နောက်က ကပ်လျက်ပါလာသော အန်တီ Emma က မေးလိုက်သည်။

"ဟုတ်ပါတယ်~~အန်တီ Emma အကြိုက် လာဗင်ဒါ
ရောင်လေး စိုက်ပေးမယ်~~"

ဘူးလေးကို ဖွင့်ကာ ကျူးလစ်ဥလေးတစ်ဥကို ကိုင်ရင်း
အန်တီEmma ကိုကြည့်ကာ ပြောလိုက်သည်။အန်တီ
Emma က ဒတ်ချ်လူမျိုးဖြစ်ပြီး Arthit ကို စောင့်ရှောက်
လာတာ ၃နှစ်မှျှ ရှိလေပြီဖြစ်သည်။ Arthit နယ်သာလန်ကို ခြေချပြီး Mae စီစဉ်ပေးထားသော အိမ်လေးကို ရောက်လာကတည်းက အန်တီ Emma နဲ့
သိကျွမ်းခဲ့ရခြင်းပင်။အန်တီEmma နဲ့စစတွေ့တဲ့အချိန် အများဆုံး ပြောဆိုဖြစ်ခဲ့သည်က အင်္ဂလိပ်လို ဖြစ်ပေမယ့်
အခုတော့ သူသည်လဲ နယ်သာလန် (ဒတ်ချ်)တွေလို ပြောနိုင်လာသည်မို့ အန်တီ Emma က ဒတ်ချ်လိုသာ
ပြောလာသည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Kde žijí příběhy. Začni objevovat