အပိုင်း (၃၂)

4.1K 375 46
                                    

Episode 32

သခင်ကြီး Kacper က အိမ်ထဲက ဧည့်ခန်းထဲမှာ ဒေါသတရှူးရှူးနဲ့ ပန်းချီကားကို ကြည့်နေပြီး

"မင်းကို ငါအစောကြီးထဲက မပြောခဲ့ဘူးလား Leo~~
မင်း မိန်းမက ဘယ်လိုမိန်းမစားမျိုးဆိုတာ~~"

ယောက်ျားကြီးတစ်ယောက်အနေနဲ့ ဒီစကားမျိုး ပြောဖို့
သူ့အနေနဲ့ မသင့်ဆိုပေမယ့်လဲ အဖြစ်အပျက်တွေက
နှုတ်ဆိတ်နေပြဖို့အထိ မနူးညံ့တော့။Leo ကတော့ နှုတ်ခမ်းသားတွေကို ဖွင့်ကာ တောက်ခေါက်ရင်း ရှေ့တူရှူက သူစိမ်း ယောက်ျားတစ်ယော်ကို မျက်လုံးစိမ်း
တွေနဲ့ ကြည့်နေမိသည်။

"သခင်ကြီး အမ Lily ကို ခေါ်ပြီးပါပြီ "

"အေး~~~ ရပြီ ငါခိုင်းထားတာသွားလုပ်တော့"

သခင်ကြီးက အိမ်အကူကောင်မလေးကို မေ့ငေါ့ကာ
နှင်လိုက်သည်မို့ ကောင်မလေးကလဲ တက်သုတ်နှင်စွာ
ထွက်သွားလိုက်တော့သည်။

သိပ်မကြာခင်မှာပဲ Lily က တစ်လှမ်းချင်းလျှောက်ကာ
ဧည့်ခန်းကျယ်ကျယ်ကြီးထဲကို ဝင်လာခဲ့သည်။
Lily က ဝင်ဝင်လာချင်းမှာပဲ လူသုံးယောက်မှာ တစ်ယောက်ကိုသာ ဦးစွာကွက်မြင်လိုက်သည်။ပျက်ယွင်း
သွားသော မျက်နှာကို မထီပြုံးနဲ့ ပြန်ထိန်းလိုက်ရင်း~~

"Por ~~ ခေါ်တယ်ဆိုလို့~~"

သခင်ကြီး Kacperက မျက်မှောင်ကြီးတွေကို တွန့်နေအောင်ကျုံ့ထားရင်း ဧည့်ခံစားပွဲပေါ်က ပစ္စည်း
များကို လက်ညိုးတဆက်ဆက်ခါကာ ညွှန်ပြရင်း

"ကြည့်လေ~~ သွားကြည့်လေ~~~ဘာလို့ ခေါ်လဲဆိုတာ
မင်း သိရမယ် Lily"

Lily က ခပ်ကြောင်ကြောင်မျက်လုံးများနဲ့ စားပွဲခုံနားတိုး
သွားကာ ဖြဲထားသော စက္ကူစများအောက်က မှန်ဘောင်ကြီးကို အနီးကပ်ကာ ကြည့်လိုက်သည်။

သခင်ကြီး Kacper ရော Leo ကပါ Lily အမူအရာကို
မလွတ်တမ်း ဖမ်းကာ ကြည့်နေသည်။Lily က တောင်ပြေး
မြောက်ပြေးဖြစ်နေသော မျက်လုံးများကို ထိန်းကာ သခင်ကြီးကို ပြန်ကြည့်ရင်း~~~

"ဒါက ဘာဖြစ်လို့လဲ Por!! Lily နဲ့ ဘာဆိုင်လို့လဲ"

"ဘာ!!!! Lily~~ မင်းသိချင်ယောင်ဆောင်မနေနဲ့~~ငါတို့
မင်းဘာတွေလုပ်ခဲ့တယ်ဆိုတာ အားလုံးသိတယ်"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now