Unicode ver.29

704 47 1
                                    

Episode 29

Arthit က မဖွင့်ရသေးသောမျက်လုံးပေါ် နေရောင်တိုက်
ရိုက်ကျလာသလို ခံစားမိသည်မို့ ခပ်ကျဉ်းကျဉ်း ဖွင့်ကြည့်
မိသည်။သို့သော် သူ့ရင်ဘတ်ပေါ် ရောက်နေသော
Kong လက်တစ်ဖက်ကို ဦးစွာကြည့်လိုက်မိသည်။ထို့
နောက် လားရာကို ကြည့်တော့ ဘေးတိုက်လေး အိပ်
ပျော်နေသော Kong ကို တွေ့လိုက်ရသည်။အိပ်နေသော
Kong ရဲ့ပုံစံကို အခုလို အနီးကပ်မမြင်ခဲ့ရသည်မှာ နှစ်
နဲ့ပင် ချီခဲ့ရလေပြီ။နားအောက်ကို လက်ကလေးထိုး ထည့်ကာ Kongဘက်လှည့်ပြီး သူ့ရဲ့ ချောမွတ်ပြေပြစ်
သော မျက်နှာကို ငေးကြည့်နေမိသည်။သူ ဘယ်လို အိမ်
ရောက်ခဲ့သည်လဲတွေ ဘာတွေ မစဉ်းစားမိ။ အခွင့်အရေး
ကြီးတစ်ခုကို မိမိရရဆုပ်ကိုင်လိုက်သူပမာ ကြည့်ရင်းလဲ
သဘောတကျပြုံးနေမိသော Arthit ။

"မောင့်ကို ကြည့်တာ ဝရင်ပြောနော်!! မျက်လုံးဖွင့်တော့
မလို့~~'

Kong အပြောကြောင့် ဟနေသော နှုတ်ခမ်းပါးလေးကို
သူက ဖိပိတ်လိုက်သည်။

"မင်းကို ဘယ်သူက ကြည့်နေလို့လဲ~~ငါက ငါ "

"လိမ်တတ်တာလဲ မဟုတ်ဘဲနဲ့ဗျာ~~ လာ ဒီနားကို"

"မလာဘူး!! ငါ ထတော့မှာ "

Kong က မျက်ခုံးလေးပင့်ကာ Arthit ကို ပြုံးကြည့်လိုက်
သည်။

"ညကပဲ ပြောတော့ မောင့်ကို ချစ်လို့ဆို "

Arthit ဒီတော့မှ ပြန်တွေးမိသည်။သူမနေ့က စိတ်ညစ်ညစ်နဲ့ တစ်ခါမှ မသောက်ဖူးသော ဘီယာတွေသွားသောက်ခဲ့တာပင်။ ဘီယာတွေလို့ ပြောရအောင်ကလဲ များများစားစားသောက်ခဲ့တာ မဟုတ်။ ဘူးထဲက အရည်ကို နှစ်ငုံပဲ သောက်ပြီး ဒီလို လူတွေသူတွေ မသိတော့သည်အထိ ဖြစ်ရခြင်း။ Arthit က ညက တစ်ချို့ကိစ္စတွေကို ပြန်စဉ်းစားနေမိရင်း နောက်ဆုံး သူ့နှုတ်ခမ်းလေးကို လက်နဲ့ဖိအုပ်လိုက်သည်။

"ဟာ!!! သွားပြီ "

"သိပြီလား!! မှတ်မိပြီလား~~"

Kong အပြောကြောင့် မကျေနပ်သော မျက်လုံးများနဲ့
ကြည့်လိုက်သည်။

"မင်းကို မခေါ်ဘူးလေ~~ အနားမလာနဲ့~~"

"ဟာ!! မှတ်မိသွားတော့လဲ ချက်ချင်း ကောက်တော့တာပဲ"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now