အပိုင်း (၃၄)

4.4K 366 43
                                    

Episode 34

ည ၇နာရီစမည်အသိပေးထားသော ပွဲဖြစ်၍ ပွဲလာပရိသတ်တို့နဲ့ အတော်စည်ကားနေပြီဖြစ်သည်။
Pa Pa နှစ်ယောက်ကတော့ Lily နဲ့ Anong ကိစ္စကို
ရဲတွေနဲ့အတူ ဖြေရှင်းဖို့ ခဏကျန်ခဲ့ကြသည်မို့ သူတို့မိသားစုရယ် Khun Dear ရယ်သာ ပွဲဆီကို အမြန်
ပြန်လာခဲ့ကြသည်။သူတို့ကားတွေ အလျှိုလျှို ဝင်လာတာမြင်တော့ မန်နေဂျာKool က ပွဲခင်းထဲကနေ ရုတ်ခနဲထွက်လာကာ ဆီးကြိုသည်။

"ဆရာ Kong တို့ကို မျှော်နေတာ~~ လုပ်ငန်းရှင်တွေတော့ အများကြီးမရောက်သေးပေမယ့်
လူတော့ တော်တော်များတယ်~~"

Kool အပြောကို Kong က ခေါင်းငြိမ့်ပြလိုက်ရင်း~

"အင်္ကျီလဲရမယ်။အာ့ကြောင့် ကလေးက နောက်ဘက်က
ပတ်ဝင်လိုက်~~ မောင် ပွဲထဲ အယောင်ပြလိုက်ဦးမယ်"

Kong က ပြောပြီး ထွက်သွားမည်အပြု Minne က
လက်ကို လှမ်းဆွဲသည်။

"Pa Pa Kong~~ Pa Pa Kong !!ကရေးချိုတာ သားကို ပြောတာရား Pa Pa ကို ပြောတာရား~~"

မေးခွန်းသတ်တာခံရသည့် ကျောင်းသားပမာ အူကြောင်ကြောင်မျက်လုံးလေးနဲ့ သားငယ်ကို Kong
ကြည့်လိုက်မိသည်။ ဒါကိုတွေ့တော့ Arthit မျက်နှာက
ရယ်ချင်တဲ့ပုံကို မနည်းထိန်းလိုက်ရသည်။

"ဟို~~ သားပါ ပါတယ် သားရော လဲလာခဲ့နော် '

သားပခုံးလေးကို ဖွဖွလေး တစ်ဖတ်ဖတ်ပုတ်လိုက်တော့

"ဒါချို ပထမတစ်ခုက Pa Pa ကို ပြောတာရား~"

"Minne ~~Pa Pa ကို ဘာတွေ ပြောနေတာလဲ လာ ဒီနားကို ~~"

Arthit က Kong နားက Minne ကို သူ့နားရောက်အောင်
ပြန်ဆွဲလိုက်သည်မို့ Kong က Arthit  ကို ကယ်တင်ရှင်
လိုကြည့်လိုက်သည်။

"သွားတော့မယ်နော် '

"အင်း "

Kong ထွက်သွားတော့ Arthit က နောက်ကားလေးကို
တစ်ချက်လှည့်ကြည့်လိုက်သည်။ကားပေါ်ကနေ ဆင်း
မလာဘဲ သူတို့အဖြစ်အပျက်ကို ပြုံးကြည့်နေပါသော
Por ~~။ Arthit လှည့်ကြည့်တော့ အကြည့်ချင်းဆုံ
သွားသည်မို့ ကားမှန်နောက်က Por အပြုံးလေး ရပ်တန့်
သွားသည်။

"သား Pa Pa တို့ အထဲဝင်မယ် လာ ~"

Arthit က အရင်အကြည့်လွှဲလိုက်ကာ ကလေးနဲ့အတူ
အနောက်ဘက် အပေါက်ဆီကို လျှောက်လာခဲ့လိုက်သည်။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Donde viven las historias. Descúbrelo ahora