Unicode ver . 1

1.9K 84 3
                                    

Episode 1

ကလပ်အတွင်း မျက်နှာကြက်ထံမှ လွှင့်ထုတ်နေသော ရောင်စုံမီးများက ဒီဇိုင်းစုံကာလာစုံလူအပေါင်းကို ဖြိုး
ဖြိုးဖြက်ဖြက်လက်နေစေသည်။EDM တီးလုံးသံက လူကိုပုံမှန်ထက်ပိုမြူးကြွစေကာလာရောက်စိတ်အပန်းဖြေ
ကြသော လူငယ်တစ်ချို့ကလဲ ထွက်ပေါ်နေDJ တီးလုံးသံနဲ့အတူ လိုက်ပါ ကခုန် စီးမျောနေကြသည်။
ကခုန်သူအပေါင်းနဲ့အနီးဆုံး စားပွဲဝိုင်းတစ်ခုမှာ ထိုင်
နေပြီး ဗော့ကာခွက်ကို ခပ်ဖြေးဖြေးလှုပ်နေသူက
Kongpob Suthilak ပင်။ ၁ပတ်မှာ ၅ရက်နှုန်းနဲ့
ရောက်ရောက်လာတတ်သောသူ့ကို ဝန်ထမ်းတွေကရောသူ့လို အမာခံတွေကပါ တော်တော်ရင်းနှီးနေကြပြီဖြစ်၏။

ဗော့ကာခွက်ကို လက်ထဲမှာ ကိုင်ပြီး ခပ်ဖြေးဖြေးလှုပ်နေ
ရင်းမှ တစ်ကျိုက်မော့လိုက်စဉ် ခုံကနေ ရှေ့ကိုအနည်းငယ်ကားထွက်နေသော ခြေထောက်များကို တစ်စုံတစ်ယောက်လာတိုက်မိသည်မို့ ရုတ်တရက်
လှည့်ကြည့်လိုက်မိသည်။

"ဟ!!! ဒီလို စည်းမဲ့ကမ်းမဲ့ လူသွားလမ်းမှာ ခြေထောက်ကို
မဆင်မခြင်ထားတာ ဘယ်သူလဲလို့ ~~ Suthilak ကိုး"

တစ်ဦးကိုတစ်ဦးမြင်သည်ဆိုရုံလောက်သာ လင်းပေး
နေသော ရောင်စုံမီးများကြားက ထိုလူ့ရဲ့ခနဲ့သော အပြုံး
ကို Kong ကတွေ့ဖြစ်အောင်တွေ့လိုက်မိသည်။Kong က သူ့ကို သိသည့်အဖြစ်ကို မအံ့ဩမိ။Thailand မှာ Universe အမည်နဲ့ပတ်သက်ပြီး
အိမ်ဆောက်ပစ္စည်းတွေ ပရိဘောဂဆိုင်တွေအားလုံး
ဟာ Suthilak မိသားစုက ပိုင်ဆိုင်သည်မို့ပင်။စီးပွားရေးလောကရဲ့အထင်ကရမိသားစုကို မသိသူရှိမည်ဆိုလျှင် မွေးခါစကလေးပဲရှိလိမ့်မည်။
သူ့မျိုးရိုးနာမည်ကနေ စပြောသည်မို့ အနည်းငယ် တင်းသွားသော်လည်း အခုတလော ရန်ဖြစ်ရသည့်ပွဲပေါင်းမနည်းမနော ရှိလာခဲ့တာမို့ ဒီတစ်ခေါက် ဘာမှ ဆက်မပြောဘဲ အေးဆေးသာ ခွက်ကို ပြန်ကိုင်လိုက်သည်။သို့သော်
လည်း တစ်ဖက်က အငြိမ်မနေပေး။

"မင်းလူစကား နားမလည်တာလား!! ပြောနေတာကို
မတူသလို မတန်သလိုဆက်ဆံရအောင် မင်းက ဘာကောင်မို့လဲ"

သူ့လက်မောင်းကိုလှုပ်ပြောလာသည်မို့ Kong က
ခွက်ကို ပြန်ချကာ ထိုလူမျက်နှာကို စေ့စေ့ကြည့်ပေး
လိုက်သည်။ကြည့်လိုက်ပြန်တော့လဲ လူကို နှိမ်သလို
အကြည့်နဲ့ ကြည့်ပြီး ~~~

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now