Unicode ver.19

494 52 1
                                    

Episode 19

Shelli က အိပ်ကပ်ထဲက အသံမြည်လာသော ဖုန်းကို
ထုတ်ကာ ကြည့်လိုက်တော့ Anong ဖြစ်နေချေသည်။

"အေး ~~ ပြော သူငယ်ချင်း စာတမ်းဖတ်သွားတာ အ
ဆင်ပြေလား~~~"

"အင်း!! ပြေတယ် Shelli ရေ~~ တစ်ခု မေးစရာရှိနေလို့"

"ဘာကိုလဲ Anong~~ "

Shelli က အနားကို စကားပြောဖို့ ရောက်လာသော သူနာ
ပြုမလေးကို လက်ကာပြရင်း Anong စကားကို အာရုံ
စိုကိလိုက်မိသည်။

"မင်း အလုပ်သင်တစ်ယောက် ချင်းမိုင်လွှတ်တယ်ဆိုတာ
ဘယ်နှယ့်လဲ~~ဒို့ကို အကျိုးအကြောင်းလေး ဘာလေး
မပြောဘူး~~"

"ယူရယ်~~ဒို့က မင်းအလုပ်များနေမယ်စိုးလို့ မပြောတာ
ပါ~~"

"သားအတွက်ဆို ကိုယ့်မှာ အလုပ်များတယ်ဆိုတာ
နောက်ထပ် မရှိနိုင်တော့ပါဘူး Shelli ရယ်~~"

တိုးလျသော Anong အသံလေးကို Shelli ကြားမိသည်
မို့ အားပေးသည့်သဘောဖြင့်~~

"စိတ်မပူပါနဲ့~~ Arthit ကို ကိုယ်ကြည့်ပေးခဲ့တာပဲကွာ!!
ယူ့သားအခြေအနေက အဆိုးကြီးမှ မဟုတ်တာ~~သေ
သေချာချာ ဂရုစိုက်ပေးမယ့်လူနဲ့ဆို ပြန်တောင် ကောင်း
လာနိုင်သေးတယ်လို့ ကိုယ်သုံးသပ်ထားတာပဲ~~"

"ဟင့်အင်း!! ဒို့တော့ ဒီလို မထင်ဘူး~~သားကို စိတ်လဲ
မချဘူး~~သားအခု ဘာတွေ ခံစားနေရလဲ ဆိုတာ
ဒို့ အရမ်း သိချင်နေတယ်~~ယူ လွှတ်လိုက်တဲ့ တစ်ယောက်ပြန်လာပြီလား~~"

"အင်း!! နေ့လည်ကပဲ ပြန်ရောက်တယ်~~"

Shelli က ညနေ ၅နာရီထိုးနေပြီဖြစ်ကြောင်း အသိပေး
နေသော တိုင်ကပ်နာရီကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ဒို့ သူ့ကို ခဏနေ တွေ့လို့ရမလား~~"

Anong အပြောကြောင့် Shelli က ပြောစရာစကားများ
ခဏ ရပ်တန့်သွားသည်။

"နေဦး Anong!! မင်း ဘန်ကောက် ပြန်ရောက်နေပြီလား"

"အင်း!! ခုနကပဲ ရောက်တာ~~"

"အိုကေလေ!! မင်း ဘယ်မှာ တွေ့ချင်လဲ~~"

"ဒို့ ဌာနကို တစ်ချက်လွှတ်ပေးပါ~~"

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now