Unicode ver.30

716 39 0
                                    

Episode 30

Lily က ဆိုးနေဆဲ နှုတ်ခမ်းနီဘူးလေးကို အဖုံးမပိတ်ရသေး
ဘဲ မြည်နေသော ဖုန်းကို လှမ်းယူလိုက်သည်။

"Hello Dear "

Contact မပါသော်လည်း အလွတ်ရနေသော ဖုန်းနံပါတ်
မို့ Lily က တရင်းတနှီးစပြောလိုက်သည်။

"ဟဲ့ Dear!!! ငါ ဖုန်းခေါ်နေတာ ကြာပြီ ~~ နင် ငါ့ဖုန်းကို
ရှောင်နေတာ မလား"

ငယ်သူငယ်ချင်းလဲဖြစ်သည်မို့ Dear အပေါ် စိုးစဉ်းမျှ
လေးစားမှု Lily မှာမရှိ။Lily ကလဲ သူခေါ်တိုင်း ဖုန်းမကိုင်
သည်မို့ ဒေါကြီးမောကြီးနဲ့ ပြောလေသည်မို့။

"အင်း !! ငါမအားလို့~~"

Dear က စီးပွားရေးကိုယ်တိုင်လုပ်သူမဟုတ်။ ရှယ်ယာတွေဝင်ထားကာ ရရှိသော အစွန်းအမြတ်တွေနဲ့
သာ ဘဝကို ရှေ့ဆက်နေသူ။

"နင်က ဘယ်လို မအားတာလဲ!! "

"ငါမအားလို့ပါဟာ~~"

"ငါသိတယ်နော်!! နင် ဒီနှစ်ပိုင်းတွေမှာ ငါ့အပေါ် သူစိမ်းဆန်
လာတယ်~~နင် Anong ဘက်ကို စိတ်ပြန်လည်နေတာ
မလား~~"

"Lily !!!! ထင်ရာတွေ စွပ်စွဲမနေနဲ့"

"ဖြစ်နိုင်တာပဲလေ~~ နင်က သူတို့ဆေးရုံရဲ့ ပါတနာပဲကိုး'

မှန်သည်။ Dear သည် Anong ရှိနေသော ဆေးရုံတွင်လဲ ဘုတ်အဖွဲ့အဝင်တစ်ဦးဖြစ်သည်။ဤအဖြစ်က အခုမှ
ဖြစ်လာသည်မဟုတ်။Dear စီးပွားရေးစလုပ်ကတည်း
က သိနေခဲ့တာဖြစ်ပြီး Anong နဲ့ပင် ဒီအဖြစ်ကြောင့်
ချစ်ကျွမ်းဝင်ခဲ့လေခြင်း။ဒါပေမယ့် အခုတော့ Anong ကို
ပင် မတွေ့ဖြစ်တော့။

"တော် တော်တော့!! မင်းပြောချင်တာ ဘာလဲ~~"

"နင်နဲ့ ဒီညနေ တစ်နေရာရာမှာ တွေ့ချင်တယ်~~"

"ငါမအား~~"

"ငါမအားဘူးလို့ မပြောနဲ့~~နင်လာကို လာရမယ်~~
မလာရင် Lily အဆိုးမဆိုနဲ့'

Lily !! Lily !!

ငယ်သူငယ်ချင်းကို ငယ်သံယောဇဉ်နဲ့ ချစ်မိတွယ်တာမိ
ခဲ့ပါသော်လည်း Lily ဟာ ငယ်ငယ်ကသိသော အရိုးစင်း
ဆုံး Lily ပန်းလေးလို မဟုတ်တော့။ အရိုင်းဆန်သော
Lily ပန်းသာ။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Tahanan ng mga kuwento. Tumuklas ngayon