အပိုင်း(၂၀)

4K 340 29
                                    

Episode 20

"Kong ~~ ဒီမှာ Mae က တစ်ပတ်လောက်နေဖို့လာတာ"

Kong က ဧည့်ခန်းထဲက ခုံပေါ်တွင် ခါးနဲ့ လျှောထိုင်နေ
သည်။Arthit စကားကို မကြားဟန်ပြုကာ စပျစ်သီး
များကို အိမ်အနှံ့ ဟိုပေါက် သည်ပေါက် လုပ်နေသည်မို့
Arthit က Kong ခြေဖျားလေးကို လှမ်းတို့လိုက်သည်။

"ငါစကားပြောနေတယ်လေ~~"

"ဘာကိုလဲ~~~"

Kong က မျက်ခုံးပင့်ကာ မေးသည်မို့ Arthit က အားမလို
အားမရဖြစ်သော သက်ပြင်းမျိုးချပြီး စကားကို နောက်တစ်ကြိမ်ပြန်ပြောလိုက်သည်။

"Mae က ဒီမှာ ခဏလောက်နေမယ် ~~ ကြားလား"

အိမ်မှာ Pa Pa တို့ မရောက်သေးလို့ သူ့က်ု အရေးလုပ်ကာ
ခွင့်တောင်းနေရခြင်းဖြစ်သလို သူ့ယောက္ခမဖြစ်သည်မို့ပါ
အိမ်ဦးနတ်အား ခွင့်ပန်နေရခြင်းအဖြစ်။

"ဩော် !! ဒါကိုပြောတာလား ကြားသားပဲ"

"ကြားလဲ တစ်ခုခုတော့ ပြန်ပြောပေါ့ကွာ~~~"

"စကားအဖြစ်ပြောနေတယ်လို့ကို မထင်လို့ ပြန်မပြောတာ"

"ဘယ်လို !!!! "

Kong က စပျစ်သီးတွေနဲ့ ပစ်ပေါက်နေခြင်းကို ရပ်လိုက်ပြီးတစ်ဖက်ခုံက Anong ကို စေ့စေ့ကြည့်လိုက်
သည်။ထို့နောက်~~

"ဟုတ်တယ်လေ!! ကျွန်တော်က မနေနဲ့ပြောလဲ နေမှာပဲ
မလား~~အထူးတလည်လုပ်မေးနေသေးတယ်!! "

Kong က ထိုသို့ပြောတော့ Arthit က Anong ကို အားနာ
သလိုလေး တစ်ချက်ကြည့်လိုက်သည်။Anong က ပူအိုက်လာသော ခံစားချက်ကြောင့် သက်ပြင်းကို တစ်ချက်ထုတ်ကာ နားသယ်နားက ချွေးတွေကို သုတ်
လိုက်မိသည်။ထို့နောက် လှည့်ကြည့်လာသော သားကို
တစ်ချက်ပြုံးပြမိသည်။

Arthit က Mae ကို ဘေးနားထားကာ ပြောနေသော Kongအပြုအမူတွေကို ဘယ်လို ရပ်တန့်ရင်ကောင်းမလဲ
သာတွေးနေမိသည်။Kong က Mae ကို ဘယ်လောက်
တောင် အငြိုးထားနေသည်ဆိုတာ သူအသိဆုံးဖြစ်သည်။
အခုတောင် သူ့ကို Mae နဲ့ တွဲမြင်နေသည်မို့စကားအ
ကောင်း မပြောတော့။စိတ်ပြောင်းစိတ်လွဲ မြန်သော
Kong ပေတကား။

သူ့ခေတ်ရဲ့ယဉ်ကျေးမှု(The culture of Kong's era)Where stories live. Discover now